မိတ္ထီလာထောင် မှပြစ်ဒဏ်လွတ်ငြိမ်းသူများတွင် တရုတ်နိုင်ငံသားလောင်း ကစားသမား တစ်ဦးလည်းပါ၀င်

မိတ္ထီလာထောင် မှပြစ်ဒဏ်လွတ်ငြိမ်းသူများတွင် တရုတ်နိုင်ငံသားလောင်း ကစားသမား တစ်ဦးလည်းပါ၀င်

သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မိတ္ထီလာထောင်မှ လွတ်လာသူများထဲတွင် တရုတ်နိုင်ငံသား လောင်းကစားသမားတစ်ဦးလည်း ပါဝင်လာကြောင်း သိရသည်။

လွတ်လာသူ အကျဉ်းသား/အကျဉ်းသူ ၃၈ ဦး တွင် ပါဝင်သည့် တရုတ်နိုင်ငံသား စီကျားခေါ် ၂၂ နှစ် မှာ တရုတ်နိုင်ငံ လူဖုန်းမြို့နယ်၊ ရှင်းချမ်းကွင်းရွာတွင် နေထိုင်သူဖြစ်ပြီး တရုတ်နိုင်ငံ ကွမ်တုံမြို့မှ မြန်မာနိုင်ငံ လောက်ကိုင်မြို့သို့ လာရောက်လောင်းကစားသူဖြစ်သည်ဟု မိတ္ထီလာခရိုင်ပြန်/ဆက် က ထုတ်ပြန်သည်။

၎င်းတရုတ်နိုင်ငံသားမှာ အရက်မူးလွန်၍ ကြုံရာမော်တော်ယာဉ်ဖြင့် လိုက်ပါလာရာမှ မိတ္ထီလာမြို့တွင် ဖမ်းဆီးခံရပြီး တရားမဝင် နိုင်ငံဝင်ရောက်မှုဖြင့် အကျဉ်းထောင် ပြစ်ဒဏ် ၂ နှစ် ကျခံခဲ့သူဖြစ်သည်။

ဖွဲ့စည်းပုံ ပုဒ်မ ၂၀၄ (က) အရ သမ္မတ၏ 'ပြစ်ဒဏ်လွတ်ငြိမ်းခွင့်' ရရှိသည့် မိတ္ထီလာအကျဉ်းထောင်မှ ၃၈ ဦးမှာ အကျဉ်းသား ၂၆ ဦး၊ အကျဉ်းသူ ၁၁ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး ဖြစ်သည်။

ပြစ်ဒဏ်ကျခံပြီးကာလ ၁ နှစ် နှင့် အထက်ရှိပြီး ပြစ်ဒဏ်ကျခံရန် တစ်နှစ် နှင့် အောက်ရှိသည့် အကျဉ်းသား/အကျဉ်းသူများ ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly