ဆီးဂိမ်းတွင် မြန်မာယူ-၂၂အသင်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ရန် ပစ်မှတ်ထား

ဆီးဂိမ်းတွင် မြန်မာယူ-၂၂အသင်း ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ရန် ပစ်မှတ်ထား

ဧပြီ ၁၁၊ ရန်ကုန်။            ။ မလေးရှားနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ၂၀၁၇ ဆီးဂိမ်းတွင် မြန်မာယူ-၂၂လက်ရွေးစင်ဘောလုံးအသင်း ဗိုလုလုပွဲအဆင့်အထိ တက်ရောက်နိုင်ရန်   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပစ်မှတ်ထားပြင်ဆင်မည်ဖြစ်သည်။

စင်ကာပူနိုင်ငံတွင်ကျင်းပခဲ့သော ၂၀၁၅ ဆီးဂိမ်းတွင် မြန်မာယူ-၂၂အသင်းမှာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး ထိုင်းကို ၃-၀ဂိုးဖြင့်ရှုံးကာ ဒုတိယငွေတံဆိပ်ဆုသာ ရရှိခဲ့သည်။ လာမယ့်ဆီးဂိမ်းအတွက် အဓိက ပစ်မှတ်က ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ပါ။ ကြိုတင်ပြင်ဆင်ချိန်ရထားသလို ခြေစမ်းပွဲတွေခြေစစ်ပွဲတွေလည်း ကစားရဖို့ရှိနေလို့ အသင်းကို အကောင်းဆုံးတည်ဆောက်နိုင်မှာပါ။ ကစားသမားရွေးချယ်မှု အပိုင်းကိုတော့ နည်းစနစ်အဖွဲ့နဲ့ပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်။ ဟု မြန်မာယူ-၂၂အသင်း နည်းပြချုပ် ဂတ်ဇီဆီဖရိုင်းဒရစ်ကပြောသည်။

မြန်မာယူ-၂၂အသင်းမှာ ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ကမ္ဘောဒီးယားယူ-၂၂၊ ဂျပန်တက္ကသိုလ်၊ ဟောင်ကောင်ယူ-၂၂အသင်းတို့ပါဝင်မည့် KBZ Bank Cup ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အာရှဖလားခြေစစ်ပွဲအဖြစ် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းအသင်းတို့နှင့်လည်း ကစားရမည်ဖြစ်သည်။ ထို့အပြင် မြန်မာအသင်းမှာ ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် တရုတ်နိုင်ငံသို့လည်း သွားရောက်နေထိုင် လေ့ကျင့်မည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ၂၃နှစ်အောက်သို့ကန့်သတ်ခဲ့ပြီးနောက် မြန်မာအသင်းမှာ ကြေးတံဆိပ်နှစ်ခု၊ ငွေတံဆိပ်နှစ်ခု ရရှိဖူးပြီး ရွှေတံဆိပ်ဆုရယူနိုင်ခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required