သေဒဏ်ပေးကွပ်မျက်ရာတွင် တရုတ်က ထိပ်ဆုံးက ရပ်တည်နေဆဲဖြစ်

သေဒဏ်ပေးကွပ်မျက်ရာတွင် တရုတ်က ထိပ်ဆုံးက ရပ်တည်နေဆဲဖြစ်

ပေကျင်း၊ ဧပြီ ၁၁ ။               ။ တရုတ်နိုင်ငံ၏ ပြီးခဲ့သည့်နှစ်က သေဒဏ်စီရင်ကာ ကွပ်မျက်မှုများသည် အခြားသော ကမ္ဘာ့နိုင်ငံများထက် ပိုမိုများပြားကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ AI က ထုတ်ပြန်သည်။

တရုတ်နိုင်ငံ၏ သေဒဏ်အပြစ်ပေးစီရင်ခြင်းများသည် အရေအတွက် များပြားကြောင်း၊ အတိအကျအရေအတွက်ကိုမူ မသိရှိရနိုင်ကြောင်း ယင်းအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြသည်။

သေဒဏ်ပေးစီရင်ခြင်းက တရုတ်တွင် နိုင်ငံတော်လျှို့ဝှက်ချက်သဖွယ် လုံခြံုရေးအဆင့်သတ်မှတ်ထားခြင်းဖြစ်သော်လည်း နှစ်စဉ် တရုတ်တွင် သေဒဏ်ပေးခြင်းများက ဦးရေ ၁၀၀၀ ရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းသည်။

“တရုတ်က ကမ္ဘာ့စင်မြင့်မှာ ထိပ်ဆုံးနိုင်ငံဖြစ်ချင်နေတာပါ။ ဒါပေမယ့် သေဒဏ်ပေးစီရင်ခြင်းမှာ ထိပ်ဆုံးကရှိနေတာက ဆိုးတဲ့လမ်းကြောင်းပါပဲ။ ကမ္ဘာ့တစ်ခြားနိုင်ငံတွေထက်ကို ပိုလွန်နေတာဖြစ်ပါတယ်။” ဟု AI အဖွဲ့မှ အထွေထွေအတွင်းရေးမှူးက ပြောသည်။

ကမ္ဘာတစ်ဝန်း သေဒဏ်ပေးစီရင်ခြင်းများနှင့် ပတ်သက်လျှင် ၂၀၁၆ ခုနှစ်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ယင်းအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required