တစ်နိုင်ငံလုံး အပူချိန် အလွန်မြင့်မား၊ ဒါလေးတွေ ဆောင်ထား

တစ်နိုင်ငံလုံး အပူချိန် အလွန်မြင့်မား၊ ဒါလေးတွေ ဆောင်ထား

တစ်နိုင်ငံလုံးနည်းပါး အပူချိန်မြင့်တက်မှုများ ရှိလာခဲ့ပြီး နောက်ပိုင်း အဆိုပါ အပူချိန်မြင့်တက်မှု ခန့်မှန်းချက်များအား မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဧပြီ လ ၁၁ ရက်၏ ထူးခြားသည့် နေ့အပူချိန်များကို မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ရာ ချောက်မြို့တွင် ၄၆ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး ညောင်ဦးမြို့နှင့် မကွေးမြို့တို့တွင် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေသည်။

ယင်းအပြင် ဂန့်ဂေါ၊ မုံရွာ ၊ မြင်းခြံ၊ မန္တလေး၊ မြင်းမူ ၊ တောင်တွင်းကြီး၊ မင်းဘူး၊ တောင်တွင်းကြီး၊ ပေါက်၊ ဆင်ဖြူကျွန်းမြို့ တို့တွင် ၄၃ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကလည်း လာမည့် ရက်သတ္တပတ် ဧပြီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်း တောင်ပိုင်း နှင့် ပဲခူးတိုင်း အရှေ့မြောက်ပိုင်းတို့တွင် အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ် မှ ၄၅ ဒီဂရီ စင်တီဂရိတ်အထိရှိနေနိုင်သည်ဟု ခန့်မှန်းထားသည်။

အပူချိန်မြင့်တက်မှု ခန့်မှန်းချက်များအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ပြီးနောက် အပူဒဏ် ရှောင်ရှားရန် အတိုင်ပင်ခံရုံးမှ သတိပေးခဲ့သည်။

အတိုင်ပင်ခံရုံးမှ သတိပေးချက်တွင် နေပူရှိန်ပြင်းသောအချိန်များ၌ အပြင်ထွက်သွားလာရာတွင် ထီး၊ ဦးထုတ် စသည့် အကာအကွယ်များ ဆောင်သင့်ကြောင်း၊ အရက် အလွန်အကျွံသောက်သုံးခြင်းများကို မပြုလုပ်သင့်ကြောင်း၊ နေပူရှိန်ပြင်းသည့် နေ့လည်ပိုင်းများတွင် ရေချိုးခြင်းများကို သတိပြုသင့်ကြောင်း ပါရှိသည်။

 

-------------------------------------

ဧပြီလ ၁၁ ရက်နေ့ အတွက် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ တစ်နိုင်ငံလုံး အပူချိန်မြင့်တက်မှု ခန့်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပြီး အပူချိန် အလွန်မြင့်မားနေတာကြောင့် လိုက်နာသင့်သည့် အချက်များကို ဖေါ်ပြပေးလိုက်ပါသည်။

အပူဒဏ် ရှောင်နိုင်ရန်

(၁) နေပြင်းပြင်းပူသော အချိန်များတွင် အပြင်ထွက်ပါက ဦးထုပ်၊ ထီး စသည့် အကာအကွယ်များ မဖြစ်မနေ ဆောင်းပါ။

(၂) အပြင်မှ ပြန်လာလျှင် ချက်ချင်း ရေချိုးခြင်း၊ ရေလောင်းခြင်းများ ရှောင်ပါ။

(၃) နေပြင်းပြင်းပူသော နေ့လည်ပိုင်းများတွင် ရေချိုးခြင်း သတိပြုပါ။

(၄) အပူစုပ်စေသော အမည်းရောင်၊ အညိုရောင်၊ အပြာရောင် စသည့် အရောင်ရင့်ရင့် အဝတ်အစားများ၊ နိုင်လွန်၊ ပိုးချည် အဝတ်အစားများ ရှောင်ပါ။

(၅) အပူမစုပ်ဘဲ အေးစေသော ချည်ထည်၊ အဖြူကဲ့သို့ အရောင်လွင်လွင်၊ ပွပွချောင်ချောင် အဝတ်အစားများ ဝတ်ဆင်ပါ။

(၆) အရက် အလွန်အကျွံသောက်သုံးခြင်း ရှောင်ပါ။

(၇) အပူဒဏ်ပြင်းလွန်းနေသော အချိန်တွင် ရေခဲရေ သောက်သုံးမှုများ သတိပြုပါ။

၁၀-၄-၂၀၁၇ ရက်နေ့ ထူးခြားသည့် နေ့အပူချိန်များ

ချောက်မြို့ ၄၆ ဒီဂရီစင်တီဂရိတ်
ညောင်ဦးမြို့၊ မကွေးမြို့ ၄၄ ဒီဂရီစင်တီဂရိတ်
ဂန့်ဂေါမြို့ ၄၄ ဒီဂရီစင်တီဂရိတ်
မုံရွာမြို့၊ မြင်းခြံမြို့ ၄၃ ဒီဂရီစင်တီဂရိတ်
မန္တလေးမြို့၊ မြင်းမူမြို့ ၄၃ ဒီဂရီစင်တီဂရိတ်
မင်းဘူးမြို့ ၄၃ ဒီဂရီစင်တီဂရိတ်
တောင်တွင်းကြီးမြို့ ၄၃ ဒီဂရီစင်တီဂရိတ်
ပေါက်မြို့ ၄၃ ဒီဂရီစင်တီဂရိတ်
ဆင်ဖြူကျွန်းမြို့ ၄၃ ဒီဂရီစင်တီဂရိတ်

 

Source - State Counsellor Office Information Committee

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required