ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက်ဒေသတွင်းနိုင်ငံ များတွေ့ဆုံဆွေးနွေး

ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အတွက်ဒေသတွင်းနိုင်ငံ များတွေ့ဆုံဆွေးနွေး

ဇူလိုင် ၃၀ ရက်။         ။ ဒေသတွင်း သဘာဝပတ်ဝန်းကျင်မထိခိုက်စေသော တာဝန်သိခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်ရေးအား ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် တတိယအကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) နှင့် ဒုတိယအကြိမ်မြောက် ဧရာဝတီ၊ ကျောက်ဖယား၊ မဲခေါင်(ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများ၏ အစည်းအဝေးကို ဇူလိုင် ၂၈ နှင်  ၂၉ ရက်တို့က နေပြည်တော်ရှိ ACE ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် တစ်ဦးချင်းဖြင့်လည်းကောင်း၊ နှစ်နိုင်ငံချင်းဖြင့်လည်းကောင်း၊ စုရုံး၍ သော်လည်းကောင်း စွမ်းအားများကို ပိုမိုစိုက်ထုတ်၍ ထိရောက်စွာ ဆက်လက်အကောင်အထည်ဖော်သွားရန် သဘောတူထားသည်။

ယင်းသို့ လုပ်ဆောင်မည့် အစီအစဉ်များတွင် ACMECS အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံဖြတ်ကျော်သွားလာမှု မြှင့်တင်ရေး၊ အဖွဲ့ဝင်ငါးနိုင်ငံကို  တစ်ခုတည်းသောခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းမြှင့်တင်ဆောင်ရွက်ရေး၊ အထူးသဖြင့် ဗီဇာနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လွယ်ကူချောမွေ့ရေးကဲ့သို့ ခရီးသွားလုပ်ငန်းဆိုင်ရာ အထောက်အပံ့များ မြှင့်တင်ပေးရေးတို့ ပါဝင်သည်။

ထို့ပြင် ACMECS ဒေသအတွင်း သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော တာဝန်သိခရီးသွားလုပ် ငန်း မြှင့်တင်ဆောင်ရွက်ရေးတို့ကို ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် ဆက်စပ်လုပ်ငန်းစဉ်များဖြစ်သည့် ပုဂံ-ချင်းမိုင်-လောင်ပရာဘန်-ဗီယင်ကျန်း-ဆီယမ်ရိ-ဟွေးခရီးသွားစြင်္က ံသစ်များ ဖွံ့ဖြိုးရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား တစ်ခုတည်းသော ဗီဇာစနစ် အကောင်အထည်ဖော်ရေးတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly