အမေရိကန်၏ ဆီးရီးယားကို ဒုံးကျည်တိုက်ခိုက်မှုက လုံးလုံးလက်သင့်ခံစရာ မရှိဟု မြောက်ကိုရီးယားပြော

အမေရိကန်၏ ဆီးရီးယားကို ဒုံးကျည်တိုက်ခိုက်မှုက လုံးလုံးလက်သင့်ခံစရာ မရှိဟု မြောက်ကိုရီးယားပြော

ပြံုယမ်း၊ ဧပြီ ၁၀ ။            ။ အမေရိကန်နိုင်ငံ ဆီးရီးယားကို ဒုံးကျည်တိုက်ခိုက်ခဲ့ခြင်းက အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ရပ်အပေါ် ကျုးလွန်သည့် လုံးလုံးလက်သင့်ခံစရာ မရှိသော ရန်လိုကျုးကျော်မှု   ဖြစ်သည်ဟု မြောက်ကိုရီးယားက ဧပြီ ၉ ရက်တွင် ရှုတ်ချလိုက်သည်။

ယင်းအတွက်ကြောင့် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်း၏ စစ်ရေးကို ပိုမိုတိုးချဲ့မှုက မျှတသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်းလည်း ဆိုသည်။

“ဆီးရီးယားကို အမေရိကန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုဟာ ငြင်းစရာမလို ခွင့်လွှတ်လို့မရတဲ့ အချုပ်အခြာပိုင်နိုင်ငံတစ်နိုင်ငံကို ရန်စကျုးကျော်မှုဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။”ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း ဧပြီ ၉ ရက်က  နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည််။

ဆီးရီးယားကို မဟာမိတ်အဖြစ် သတ်မှတ်ထားသည့် မြောက်ကိုရီးယားနိုင်ငံက ဧပြီ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဆီးရီးယားကို အမေရိကန်၏ တိုက်ခိုက်မှုက “ကျွန်တော်တို့အား သတိပေးလိုက်ခြင်းဖြစ်ကြောင်း”၊  “နယ်ချဲ့ရန်လိုမှုကို ဆန့်ကျင်ရေးအတွက် ကျွန်တော်တို့၏ ကာကွယ်ရေးစွမ်းရေးကို မြင့််တင်ရေး” ဥပမာပြလိုက်ခြင်းတစ်ရပ်လည်းဖြစ်ကြောင်း ဖော်ပြထားသည်။

“အမှန်တကယ်ပင် ယနေ့ကစ၍ တိုက်ခိုက်လာမှုများကို ဆန့်ကျင်ရေးအတွက် ကျွန်တော်တို့ စစ်စွမ်းရေး ခိုင်မာတောင့်တင်းအောင် တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တာက မှန်ကန်သည့် ရွေးချယ်ချက်ပင်ဖြစ်သည်။”ဟုလည်း အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြသည်။

ဧပြီ ၆ ရက်က အမေရိကန်သည် ဆီးရီးယားအစိုးရတပ်က ဓာတုအဆိပ်သုံးစွဲကာ သူပုန်ထိန်းချုပ်ရာနယ်မြေကို တိုက်ခိုက်သည်ဟု စွပ်စွဲလျက် ဆီးရီးယားလေတပ်စခန်းတစ်ခုအား ဒုံးကျည်တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required