စက်သုံးဆီလုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ်လိုရဲ့လား

စက်သုံးဆီလုပ်ငန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ်လိုရဲ့လား
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံအတွက် ဘယ်လိုကဏ္ဍတွေကိုအဓိကထားဖိတ်ခေါ်သင့်ပါသလဲ။ ဒီအထဲကမှ ပြည်ပရင်နှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တော့မယ်ပြောလိုက်တဲ့ စက်သုံးဆီလုပ်ငန်းက တကယ်လိုအပ်နေတဲ့ လုပ်ငန်းတစ်ခု ဟုတ်ပါရဲ့လား။

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတကာကရင်းနှီးမြှုပ်နှံမှုတွေကိုဖိတ်ခေါ်နေတဲ့ မြန်မာနိုင်ငံအတွက် ဘယ်လိုကဏ္ဍတွေကိုအဓိကထားဖိတ်ခေါ်သင့်ပါသလဲ။ ဒီအထဲကမှ ပြည်ပရင်နှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်တော့မယ်ပြောလိုက်တဲ့ စက်သုံးဆီလုပ်ငန်းက တကယ်လိုအပ်နေတဲ့ လုပ်ငန်းတစ်ခု ဟုတ်ပါရဲ့လား။

"စားသုံးသူတွေ အတွက်ကတော့ သိပ်အများကြီးကွာခြားချက်မရှိနိုင်ပါဘူး။ အဲတော့မကွာခြားမှာခြင်းအတူတူ စားသုံးသူတွေလိုအပ်တဲ့ ကိုယ်နိုင်ငံကစားသုံးသူတွေ လိုအပ်တဲ့စောစောက အရေအသွေးအရေအတွက် စျေးနှုန်းတွေကို ကိုယ့်နိုင်ငံသားတွေအနေနဲ့ လုံလုံလောက်လောက် ဆောင်ကျင်းနိုင်တယ် ဆောင်ရွက်ပေးနိုင်တယ်ဆိုရင်တော့ နိုင်ငံခြားသားတွေလာဖို့ လိုပါ့မလားဆိုတာကိုပဲ လာဖို့ဆိုတာအလုပ်တစ်ခုလုပ်တယ်ဆိုအကြောင်းတစ်ခုတော့ ရှိဖို့လိုတာပေါ့နော်"လို့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန်းဖြူးရေးအသင်းရဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်က သူ့အမြင်ကို ပြောပါတယ်။ 

နိုင်ငံတကာက စက်သုံးဆီရောင်းချတဲ့ ကုမ္ပဏီတွေကို လက်လီအရောင်းဆိုင်တွေ ဖွင့်ခွင့်ပေးအပ်သွားမယ်လို့ မတ်လ ၁၈ ရက်က  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောဆိုလိုက်တဲ့အပေါ်မှာ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန်းဖြူးရေးအသင်းက မြန်မာနိုင်ငံအတွက် စက်သုံးဆီကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့ လိုနေပြီးလာဆိုတာကို တင်ပြဆွေးနွေးသွားမယ်လို့လည်း အတွင်းရေးမှူး ဖြစ်သူကပြောပြခဲပါတယ်။

"သူတို့ ကမ္ဘာ့ရေနံစျေးတက်တဲ့အချိန်ကြရင် ဒီမှာဆီစျေးကတက်တယ်။ ဟိုမှာရေနံစျေးကျသွားတဲ့ အချိန်ကြတော့ ဒီကပြန်မချပေးဘူး။ ရှင်းရှင်ပြောရင်တော့ ဒီဘက်ကဟိုလုပ်ငန်းရှင်တွေကနေပြီးတော့ လက်ဝါးကြီးအုပ်ထားတဲ့ သဘောရှိပါတယ်" လို့ သင်္ကန်းကျွန်းမြို့နယ်က အငှားယာဉ်မောင်း ဦးနေစိုးက သူ့အမြင်ကို ပြောပါတယ်။ 

အင်းစိန်မြို့နယ်မှာနေတဲ့ ဦးဘထွန်းကလည်း "အခုအချိန်မှာပုဂ္ဂလိကစက်သုံးဆီတွေက ရောင်းဝယ်နေတယ်။ လွတ်လွတ်လပ်လပ် ဝယ်လိုလည်းရပါတယ်။ ဒါပေမယ့် စျေးနှုန်းမြင့်တယ် စျေးနှုန်းမြင့်တဲ့အတွက် တစ်နွယ်ငင် တစ်ဆင်ပါဆိုသလို ကုန်စည်စီးဆင်းမှု သယ်ယူပို့ဆောင်စားရိတ် စသည်ဖြင့် အခတ်အခဲတွေ ဖြစ်လာတဲ့အတွက် ကုန်စျေးနှုန်းကတက်လာတာတွေရပါတယ်။"လို့ သူ့အမြင်ကို ပြောပါတယ်။ 

စျေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအတွက် ပြည်တွင်းလုပ်ငန်းရှင်အချင်းချင်း ပြိုင်ဆိုင်မှုအပြင် ပြည်ပကဝင်ရောက်လာမယ့် ပြိုင်ဆိုင်မှုတွေကိုလဲလိုအပ်နေတယ်လို့ ပြောပြကြပါတယ်။     

"ဦးတို့နိုင်ငံက စျေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ စျေးကွက်စီးပွားရေးစနစ်ရဲ့ မူဝါဒအရအပြိုင်အဆိုင်ဆိုတာရှိရမှာပဲ။ အဲတော့ အရေအသွေးချင်းပြိုင်မယ် စျေးနှုန်းသူများထက်လျှော့ချပြီးတော့ စားသုံးသူတွေဘက်က အနှိမ့်ဆုံးစျေးနှုန်းနဲအသက်သာဆုံးသုံးစွဲနိုင်မယ်ဆိုရင် ဒါ အကောင်းဆုံးအကောင်အထည်ဖော်နိုင်တဲ့စနစ်တစ်ခုပါပဲ" လို့ ဒဂုံအရှေ့ပိုင်းမြို့နယ်က အငှားယာဉ်မောင်း ဦးသန်းဌေးက ပြောပါတယ်။ 

ဒဂုံအရှေ့ပိုင်းက အငှားယာဉ်မောင် နောက်တစ်ဦးဖြစ်သူ ဦးသိန်းထွန်းအောင်ကတော့ "ပုဂ္ဂလိကပေးတဲ့ အချိန်တုန်းက အခုက နိုင်ငံခြားကဝင်မယ်လို့ ကြားတယ်။ ဒါကိုဦးကတော့ အများကြီးထောက်ခံတယ်သမီး။ ဘာလို့ဆို စျေးကွက်စီးပွားရေးစနစ်ဆိုတာ အပြိုင်အဆိုင် လုပ်သင့်တယ်လေ။ အရေအသွေးရောစျေးနှုန်းရောမှန်မှဖြစ်မှာ။ ဆီအရေအသွေးမှန်ရမယ် စျေးနှုန်းမှန်နေရမယ်။ အဲဒါမှ နိုင်ငံကြီးပွားတိုးတက်မှာပေါ့ အိပ်ထဲထည့်ချင်တဲ့အနေအထားမျိုးတော့ ဦးတို့ကမကြိုက်ဘူး" လို့ ပြောပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၁၀ ခုနှစ်ကမေစပြီး ပုဂ္ဂလိကစက်သုံဆီဆိုင်တွေကို ဖွင့်လှစ်ခွင့်ပေးခဲ့တာပါ၊ အခုလက်ရှိမှတော့ ပုဂ္ဂလိကဆက်သုံးဆီဆိုင်ပေါင်း ၂၀၀၀ ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly