ကျွန်းပေါ်မျောလာသည့် လေယာဉ်အပိုင်းအစကို ပျောက်ဆုံး MH370 မှ အပိုင်းအစများ ဖြစ်နိုင်၍ စစ်ဆေးနေ

ကျွန်းပေါ်မျောလာသည့် လေယာဉ်အပိုင်းအစကို ပျောက်ဆုံး MH370 မှ အပိုင်းအစများ ဖြစ်နိုင်၍ စစ်ဆေးနေ

အိန္ဒိယသမုဒ္ဒရာအတွင်း Reunion ကျွန်းပေါ် မျောလာသည့် လေယာဉ်ပျက်အပိုင်းအစကို ပျောက်ဆုံး MH370 မှ အပိုင်းအစများဖြစ်နိုင်မဖြစ်နိုင် စစ်ဆေးရန်အတွက် မလေးရှားနိုင်ငံ အဖွဲ့တစ်ဖွဲ့ကို စေလွှတ် လိုက်သည်။

မလေးရှားလေကြောင်းလိုင်းပိုင် ဘိုရင်း ၇၇၇ လေယာဉ် MH 370 သည် ၂၀၁၄ မတ်လအတွင်းက စီးနင်းလိုက်ပါသူ ၂၃၉ ဦးဖြင့် ကူလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းခရီးစဉ်အတွင်း အဆက်အသွယ်ပြတ် သွားကာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

လေကြောင်းဆိုင်ရာ အရာရှိများက တွေ့ရှိထားသည့် လေယာဉ်အပိုင်းအစသည် ဘိုးရင်း ၇၇၇ လေယာဉ်များမှ တောင်ပံအပိုင်းအစနှင့် တူညီနေကြောင်း ပြောသည်။

မလေးရှားလေကြောင်းလိုင်းကမူ ပျက်စီးအပိုင်းအစများ၏ မူလလေယာဉ်အမျိုးအစားကို ပြောရန် စောသေးကြောင်းထုတ်ပြန်သည်။

MH370 တွင် ခရီးသည် ၂၂၇ ဦးအပါအဝင် စီးနင်းလိုက်ပါသူ ၂၃၉ ဦးဖြင့် ပျံသန်းစွာ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ခရီးသည် များမှာ တရုတ်နိုင်ငံသား ၁၅၃ ဦးနှင့် မလေးရှားနိုင်ငံသား ၃၈ ဦးတို့ ပါဝင်သွားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required