လူမှု​ရေး​ဖောက်​ပြန်​သည်​ဟုဆိုကာ မိခင်​ ဖြစ်​သူက ခင်ပွန်းကို အမှုဖွင်​့

လူမှု​ရေး​ဖောက်​ပြန်​သည်​ဟုဆိုကာ မိခင်​ ဖြစ်​သူက ခင်ပွန်းကို အမှုဖွင်​့

ရွှေတောင်၊ ဧပြီလ ၈ ။                ။ သမီးဖြစ်​သူနှင်​့ ၎င်း၏ နောက်​​အိမ်ထောင်အမျိုးသား လူမှုရေး​ဖောက်​ပြန်​သည်​ဟုဆိုကာ မိခင်​ဖြစ်​သူ ကိုယ်​တိုင်​ တိုင်​တန်​းသည်​့အတွက်​ ပဲခူးတိုင်​း ပြည်​ခရိုင်​ ​ရွှေ​တောင်​မြို့မရဲစခန်​းတွင်​ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၃)ဖြင့်် အမှုဖွင့်ထားကြောင်း ​အဆိုပါရဲစခန်​းမှ သိရသည်​။

​ရွှေ​တောင်​မြို့နယ်​မှ အသက်​ ၅၄ န​ှစ်​အရွယ်​ စက်​ရုံဝန်​ထမ်​း အမျိုးသမီးသည်​ ပထမ အိမ်​​ထောင်​ နှင်​့ တရားဝင်​ကွာရှင်​းပြီး​နောက်​ ပြည်​​မြို့နယ်​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်​သူ ဦးသန်းဆင့်နှင်​့ လက်​ထပ်​​ပေါင်​းသင်​းခဲ့သည်​။

စက်​ရုံဝန်​ထမ်​းအိမ်​ယာလိုင်​းခန်​းတွင်​ ဒုတိယအိမ်​​ထောင်​ဦးသန်​းဆင်​့ နှင်​့ အတူ​ပေါင်​းသင်​း​နေထိုင်​ခဲ့ ပြီး ပထမအိမ်​​ထောင်​ နှင်​့ရခဲ့သည်​့ သမီး ဖြစ်​သူပါ အတူ လာ​ရောက်​​နေထိုင်​ခဲ့သည်​။

ထိုသို့နေထိုင်​လာပြီး ရ နှစ်​ခန်​့ အကြာ ဧပြီ ၆  ရက်​ ​နေ့လည်​ပိုင်​းက အသက်​ ၂၂ နှစ်​အရွယ်​  သမီးဖြစ်သူ နှင်​့ ​နောက်​အိမ်​​ထောင်​​အမျိးသား တို့ ဖောက်ပြန်နေကြသည်ကို တွေ့ရှိခဲ့သည်ဟု ဧပြီ ရ ရက်​က တိုင်​တန်​းထားခဲ့ခြင်းဖြစ်သည်​။

မိခင်​ဖြစ်​သူ၏ တရားလိုလုပ်​ တိုင်​တန်​းချက်​အရ  ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်အား ရွှေတောင်မြို့မရဲစခန်း(ပ) ၅၆၀/၁၇၊ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၃ ဖြင့် အမှုဖွင့်ထားပြီး အမှုအား ဒုရဲအုပ် ဇော်သန်းထိုက် မှ စစ်ဆေးလျက်ရှိသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required