ကဒူးလူမျိုးများ၏ ရိုးရာယဉ်​​ကျေးမှုအဆိုအတီးအကပြိုင်​ပွဲ မေလတွင် ပြုလုပ်မည်

ကဒူးလူမျိုးများ၏ ရိုးရာယဉ်​​ကျေးမှုအဆိုအတီးအကပြိုင်​ပွဲ မေလတွင် ပြုလုပ်မည်
ကသာမြို့တွင် ကဒူးလူမျိုးများ ပွဲဖြစ်မြောက်ရေးအတွက် ရန်ပုံငွေအလှူခံနေစဉ် (ဓာတ်ပုံ - အရှင်ကိတ္တိရ)
 

​ဗန်​း​မောက် ၊ ဧပြီ ၈ ရက်​ ။                     ။ စစ်​ကိုင်​းတိုင်​း​ဒေသကြီး ကသာခရိုင်​ဗန်​း​မောက်​မြို့နယ်​ စက်​​တောအုပ်​စု၊ စက်​​တော​ကျေးရွာတွင်​ ကဒူးလူမျိုးများ၏ ရိုးရာယဉ်​​ကျေးမှု အဆို အက အတီးပြိုင်​ပွဲအား မေလတွင် ကျင်​းပရန်​စီစဉ်​နေကြောင်း သိရသည်။

အရှင်​ကိတ္တိသာရ လမ်​းညွှန်​တိုက်​တွန်​းမှုဖြင်​ပွဲဖြစ်​​မြောက်​​ရေးဗဟို​ကော်​မတီမှကြီးမှူး၍ ကသာမြို့နယ်​ အင်​း​တော်​မြို့နယ်​၊ ဗန်​း​မောက်​မြို့နယ်​နှင့် ပင်​လယ်​ဘူးမြို့နယ်​တို့တွင်​​နေထိုင်​ကြ​သော ကဒူးတိုင်​းရင်​းသား လူငယ်​များ၏ရိုးရာယဉ်​​ကျေးမှုအဆို အက အတီး ပြိုင်​ပွဲကို မေလ ၄ ရက်မှ ၁၀ ရက်အထိ ရရက် ပြုလုပ်ကျင်းပမည်ဖြစ်သည်။

သံဃဒါနဆွမ်​းကြီး​လောင်​းပွဲ ကဆုန်​​ညောင်​​ရေသွန်​း​လောင်​းပွဲတို့နှင့် တွဲဖက်၍ကျင်​းပပြုလုပ်​မည်ဖြစ်​​ကြောင်​း သိရသည်​။

ဗျောတီးပြိုင်​ပွဲ ၊ ဒိုးပတ်​ပြိုင်​ပွဲ၊  ကဒူးရိုးရာ​နောက်​ပိုးအကပြိုင်​ပွဲ (အမျိုးသားတဦးမှကညာပျိုကို​ကျောပိုးထားသည်​ဟန်​ဖြင့် ယှဉ်​ပြိုင်​ကပြခြင်း) ၊  ရိုးရာအကပြိုင်​ပွဲ(ယိမ်​းအက ) ၊ ကဒူးတိုင်​းရင်​း သားရိုးရာအကပြိုင်​ပွဲ (ဘယ်​မြို့သူ တုလို့မရနိုင်​တယ်​ သီချင်​းဖြင့် ဗျောတီးသီဆိုကာ မိန်​းကလေး ​၃၀ ခန်​​့ ကျေးရွာအလိုက်​ ၊ အုပ်​စုအလိုက်​ ယှဉ်​ပြိုင်​ခြင်း) အဆ်ိုပြိုင်​ပွဲ၊ ( မြန်​မာသံဖြင်​သီဆိုမှု ၊ ကဒူးသံဖြင်​သီဆိုမှု)တိ့ု ပါဝင်သည်။

ကဒူးလူမျိုးမှာလည်​း​ မော်​ခွင်​ကဒူး၊ သက်​ခါးကဒူးဟူ၍လူမျိုးစုရှိ​ကြောင်​း ၊ ကဒူးလူမျိုးရွာ​ပေါင်​း ၃၇ ရွာရှိပြီးလက်ရှိ လူဦး​ရေ ၁သိန်​း​ကျော်​ခန်​့ရှိ​ကြောင်းသိရသည်။

အဆိုပါ ပြိုင်​ပွဲကျင်​းပရခြင်​း၏ရည်​ရွယ်​ချက်​မှာ ကသာမြို့နယ်​၊ အင်​း​တော်​မြို့နယ်​ ၊ ပင်​လယ်​ဘူးမြို့နယ်​ အခြား​နေရာအနှ့ံအပြားတွင်​​ ရောက်​ရှိ​နေကြ​သော ကဒူးတိုင်​းရင်​ းသားများအားလုံးကို တစုတစည်​းတည်း​ဖြစ်​​စေရန်​၊ တိမ်​မြှုပ်​​ပျောက်​ကွယ်​​နေ​သော ကဒူးတိုင်​းရင်​းသားရိုးရာယဉ်​​ ကျေးမှုများပြန်​လည်​ထွက်​​ပေါ်လာ​စေရန်​၊ ကဒူးတိုင်​းရင်​းသားရိုးရာယဉ်​​ကျေးမှုများမြန်​မာနှင့် ကမ္ဘာ့အလယ်​သို့ ထိုး​ဖောက်​ဝင်​​ရောက်​လာ​စေရန်​ ဖြစ်​သည်​ဟု ရိုးရာယဉ်​​ကျေးမှုပွဲဖြစ်​​မြောက်​​ရေး​ကော်​မတီမှ အရှင်​ကိတ္တိရက ​မိန့်သည်။

ပြိုင်ပွဲဝင်လိုသူ ကဒူးတိုင်ရင်းသားများအနေဖြင့် လာမည့် ဧပြီလ ၁၁ ရက်နောက်ဆုံးထား စာရင်းပေးရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စာရင်းပေးသွင်းရာတွင် ရွာအမည်နှင့် ယှဉ်ပြိုင်မည့်ပြိုင်ပွဲခေါင်းစဉ် အဖွဲ့အမည် ၊ အဖွဲ့ခေါင်းဆောင် အမည်၊ ဖုန်းနံပတ် ၊ ပြိုင်ပွဲဝင်တို့၏အမည်၊ အသက်အရွယ်တို့ လိုအပ်ကာ ပြိုင်ပွဲဝင်များကို ပွဲတော်ကာလအတွင်း စရိတ်ငြိမ်းပွဲ စီစဉ်ပေးမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly