နှစ်နိုင်ငံနယ်စပ် မြေမြှပ်မိုင်းရှင်းလင်းရေး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် သဘောတူ

နှစ်နိုင်ငံနယ်စပ် မြေမြှပ်မိုင်းရှင်းလင်းရေး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် သဘောတူ

ဧပြီ ရ ။             ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် မိုင်းများနှင့် လူလုပ်မိုင်း များ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်သွားရန် နှစ်ဘက် နယ်ခြားစောင့်တပ်ဖွဲ့များအကြား သဘောတူညီမှုရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်တွင်းသတင်းများတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံနယ်စပ်ကိစ္စနှင့်စပ်လျဉ်း၍ ပြုလုပ်ခဲ့သည့် ခြောက်ရက်ကြာမြင့်ခဲ့သည့် နှစ်နိုင်ငံအစည်းအဝေး တစ်ခုအပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် တွဲဖက်ညွှန်ကြားရေးမှူးချုပ်က ဧပြီလ ၆ ရက်က လုပ်ဆောင်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုသွားခဲ့ကြောင်း bdnews24.com သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

" အစည်းအဝေးမှာ ကျွန်တော်တို့ သဘောတူခဲ့တာတွေ ရှိခဲ့ပါတယ်၊နယ်စပ်တစ်လျှောက် ထောင်ထားတဲ့ IEDs လို့ခေါ်တဲ့ လူလုပ်ဖောက်ခွဲရေး မိုင်းတွေအပြင် မြေမြှုပ်မိုင်းတွေ ရှင်းလင်းဖယ်ရှားရေးကိစ္စအပါအဝင် နယ်စပ်တစ်လျှောက် ပုံမှန်ကင်းလှည့်စောင့်ကြည့်ရေးပါလုပ်ဖို့ သဘောတူညီခဲ့ပါတယ်" ဟု တွဲဖက်ညွှန်ကြားရေးမှူးချုပ် Anisur Rahman က ပြောသည်။

အလားတူ တရားမဝင် မူးယစ်ကုန်သွယ်မှုကိုပါ နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်သွားရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း မြန်မာနိုင်ငံဘက်မှ ၀င်ရောက်လာနေမှုများကို လျှော့ချရေးတို့တွင်ပါ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်) ထိ ထိစပ်နေလျက်ရှိပြီး ယင်း နယ်စပ်တစ်လျှောက်၏ ထက်ဝက်ကျော်ခန့်မှာ တောခြံုများ၊ တောင်များဖြင့် ဖွဲ့စည်းတည်ရှိနေလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required