၂၀၁၈ အမျိုးသမီးအာရှဖလားခြေစစ်ပွဲ မြန်မာအသင်း ၁၄ ဂိုးသွင်း

၂၀၁၈ အမျိုးသမီးအာရှဖလားခြေစစ်ပွဲ မြန်မာအသင်း ၁၄ ဂိုးသွင်း
 မြန်မာအသင်းနှင့်ဆီးရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓါတ်ပုံ MFF)
 
 

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းသည် ၂၀၁၈ အမျိုးသမီးအာရှဖလားခြေစစ်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် ဆီးရီးယားအသင်းကို ၁၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အဖွင့်ပွဲတွင်လည်း အီရန်အသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရထားရာ နှစ်ပွဲဆက်အနိုင်ရခြင်းဖြစ်သည်။ မြန်မာ အမျိုးသမီးအသင်းပါဝင်သည့် အာရှခြေစစ်ပွဲအုပ်စု (ဃ) ကို ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး မြန်မာအသင်း အနေဖြင့် အုပ်စုတတိယမြောက်ပွဲကို စင်ကာပူအသင်းနှင့် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းပါဝင်သောအုပ်စုတွင် အိမ်ရှင် ဗီယက်နမ်၊ အီရန်၊ ဆီးရီးယားနှင့် စင်ကာပူအသင်းတို့ အတူကျရောက်နေသည်။ မြန်မာ အမျိုးသမီးအသင်းအနေဖြင့် ဧပြီ ၉ တွင် စင်ကာပူအသင်းနှင့် လည်းကောင်း၊ ဧပြီ ၁၁ တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် လည်းကောင်း ဆက်လက်ကစားရမည်ဖြစ်ပြီး အုပ်စုပထမရသည့်အသင်းတစ်သင်းသာ ခြေစစ်ပွဲအောင်မည်ဖြစ်သည်။

အုပ်စုလေးစုမှ ခြေစစ်ပွဲအောင်လေးသင်းမှာ ၂၀၁၈ အမျိုးသမီးအာရှဖလားပြိုင်ပွဲတွင် အိမ်ရှင်ဂျော်ဒန်၊ ဂျပန်၊ သြစတြေးလျ၊ တရုတ်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required