မဏ္ဍပ်များ စည်းကမ်းဖောက်ပါက ဒဏ်ကြေးကောက်မည်

မဏ္ဍပ်များ စည်းကမ်းဖောက်ပါက ဒဏ်ကြေးကောက်မည်

ရန်ကုန်၊ ဧပြီ ရ ။            ။ မဟာသင်္ကြန်ကာလတွင်း ရေကစားမဏ္ဍပ်များ သတ်မှတ်ရေကစားချိန်ထက် ကျော်လွန်ပြီး ရေကစားပါက စည်းကမ်းချက်(၄၅)ချက်တွင်း ပါ၀င်သည့် ဒဏ်ကြေးအတိုင်း ကောက်ခံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား)က ဌာနစုမှူး ဦးသန်းဟုတ်က ပြောသည်။

“နေ့တိုင်း ပုံမှန်ရေကစားချိန်ထက် ကျော်လွန်ပြီးတော့ မပက်ခိုင်းဘူး၊ တကယ်လို့ ကျော်လွန်ပြီးတော့ ပက်တာကို စစ်ဆေးတွေ့ရှိရင် သတ်မှတ်တဲ့ စည်းကမ်းချက်ထဲမှာပါတဲ့ဒဏ်ကြေးနဲ့ ဒဏ်ရိုက်မယ်၊ ဒဏ်ရိုက်တာကလည်း ရှင်းရှင်းပြောရင် သင်္ကြန်ပြီးမှ ဘယ်မဏ္ဍပ်တွေကနေပြီးတော့ စည်းကမ်းချက် ဘယ်နှစ်ချက် ဖောက်တယ် ဆိုတာကိုတော့ သက်ဆိုင်ရာကော်မတီတွေအလိုက် စုစည်းသတ်မှတ်ပြီးတော့ ဒဏ်ရိုက်တယ်၊ ဒဏ်ကြေးတွေကိုလည်း ကျွန်တော်တို့က တိုင်းဒေသကြီး ရန်ပုံငွေထဲကို ပြန်ပြီးတော့ ပေးသွင်းတယ်”ဟု ဦးသန်းဟုတ်က မဇ္စျိမကို ပြောသည်။

ရေကစားမဏ္ဍပ်များအတွက် ရေကစားချိန်ကို နေ့စဉ် မနက် ရနာရီမှ နေ့လည် ၁၂နာရီထိနှင့် ညနေ ၃ နာရီမှ ညနေ ၆ နာရီထိသတ်မှတ်ပေးထားသည်။

 “အန်တီတို့ ရခိုင်မဏ္ဍပ်အနေနဲ့ကတော့ ရေကစားချိန်ကို သတ်မှတ်ထားတဲ့အတိုင်း မနက် ၈ ခွဲကနေ ၅ နာရီခွဲအထိ စီစဉ်ထားပါတယ်။ ပါမစ်တင်ကတည်းက စည်းကမ်းတွေက ပါပြီးသားဆိုတော့ အဲ့အတိုင်းပဲစီစဉ်ထားတာပါ” ဟု မာန်အောင်အသင်း(ရန်ကုန်)က အမှုဆောင်တစ်ဦးဖြစ်သူ ဒေါ်တင်ထွေးကြည်က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနှင့် စည်းကမ်းဖောက်ဖျက်သည့် မဏ္ဍပ်များကို သတ်မှတ်ထားသည့် စပေါ်ငွေထဲမှ ဒဏ်ကြေးပေးဆောင်စေပြီး ပိုသည့် စပေါ်ငွေတွေကို ခုနှိမ်ပြီး ပြန်ထုတ်ပေးသွားမည်ဖြစ်သည်။

၂၀၁၇ မဟာသင်္ကြန်ကာလအတွက် ဆောက်လုပ်ခွင့် ရထားသော ရေကစားမဏ္ဍပ်ပေါင်း ၈၂ ခု ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required