ပေါကားတွေရိုက်ရတာ ပရိသတ်တောင်းဆိုမှုကြောင့်ပါဆိုတဲ့ ဇေရဲထက်

ပေါကားတွေရိုက်ရတာ ပရိသတ်တောင်းဆိုမှုကြောင့်ပါဆိုတဲ့ ဇေရဲထက်

ယခုခေတ်တွင် မြန်မာဗီဒီယိုဇာတ်ကားနှင့် ရုပ်ရှင်အချို့သည် ဟာသကားကိုသာ အများစု ရိုက်ကူးနေကြသည်ကို တွေ့ရသည်။ ဗီဒီယိုဇာတ်ကားအရိုက်များနေသည့်  မင်းသားဇေရဲထက်က ပေါကားများရိုက်နေရခြင်းမှာ ပရိသတ်များတောင်းဆို၍ဖြစ်ကြောင်း ယခုကဲ့သို့ပြောသည်။

“ဟုတ်တယ်။ အမှန်အတိုင်း ပြောရရင်တော့ ကျွန်တော်တို့အနေနဲ့ ဥပမာ။ ဒရမ်မာကား၊ ပညာပေးကား၊ ရုပ်ရှင်ကားဆို ရုပ်ရှင်ရုံမှာ လူမဝင်ဘူး။ လူမဝင်တဲ့အတွက် ပရိုဂျူဆာတွေအနေနဲ့လည်း ရုပ်ရှင်ကားရိုက်ခါနီးကျရင် သူတို့အနေနဲ့ ကျဉ်းထဲကြပ်ထဲဖြစ်တယ်။ ကုန်ကျသလောက်မရဘူးလေ။ ဒရမ်မာဆို ပိုက်ဆံအကုန်အကျများတယ်။ သူတို့ထုတ်လိုက်တဲ့ ကုန်ကျစားရိတ် အရင်းမရဘဲနဲ့ အရှံုးဘက်ပါတဲ့အခါကျတော့ ထုတ်လုပ်ချင်စိတ်ရှိမှာ မဟုတ်တော့ဘူး။ တခါတလေ ကျွန်တော်တို့ အပြောခံရတယ် ပေါကားတွေရပ်၊ ပေါကားတွေရပ်။ ဒါပေမယ့် အဲဒီပေါကားကို လူကြည့်ကြတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟာသကားကို အကြည့်များတယ်လေ။ ဟာသဆိုကတည်းက ပေါပေါကြီးတွေ လုပ်ပြမှရယ်ကြတယ်လေ။ သိတယ်မှတ်လား။ အိုဗာတင်းတွေ လုပ်မှရယ်ရတာ။ လိုတာထက် ပိုုပြီးလုပ်ပြမှ ဟာသဆိုတာ ပိုရယ်ရတာ။ အဲဒီလိုမျိုးလေးပေါ့။ အတည်ဆိုလည်း အတည်လိုလုပ်ရတဲ့ ဟာသမျိုးလေးတွေရှိတယ်။ ဒါပေမယ့် ရုပ်ရှင်ကားတွေကတော့ အခွီလိုင်းလေးတွေနဲ့ သွားရတယ်။ အဲဒါမှလည်း ပေါက်တာကိုး။ အဲဒါကြောင့်နည်းနည်းလေး ဟာသကားတွေ ပိုရိုက်ကြတာများတယ်ဗျ” ဟု ပြောသည်။

မင်းသားဇေရဲထက်သည် လက်ရှိတွင် “နာမည်ကျန်ရစ်မယ်” ရုပ်ရှင်ဇာတ်ကားကို နေပြည်တော်တွင် သွားရောက်ရိုက်ကူးနေကြောင်းသိရသည်။ အဖေကို ချစ်တဲ့ သားတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required