မြိုင်ကျေးရွာစာအုပ် တစ်မြို့နယ်လုံး ပြုလုပ်ပေးသွားရန်ရှိ

မြိုင်ကျေးရွာစာအုပ် တစ်မြို့နယ်လုံး ပြုလုပ်ပေးသွားရန်ရှိ

မြိုင်​၊ ဧပြီ ၆ ။          ။ ကျေးရွာအဆင်​့လိုအပ်​ချက်​ အ​ကောင်​အထည်​​ဖော်​ဇယား အလုပ်​ရုံဆွေးနွေးပွဲကို ဧပြီလ ၆ ရက်တွင် မြိုင်မြို့၌ ကျင်းပခဲ့ပြီး ကျေးလက် လက်စွဲစာအုပ်အား မြိုင်တစ်မြို့နယ်လုံးတွင် ပြုလုပ်ပေးသွားမည်ဟု သိရသည်။

မ​ကွေးတိုင်​း​ဒေသကြီး မြိုင်မြို့၊ နံသာမြိုခန်​းမခန်းမ၌ အားလုံးအကျံုးဝင်​​အောက်ခြေမှ စီမံကိန်​း​ရေးဆွဲ​ရေးလုပ်​ငန်​းစဉ်​ ​ကျေးရွာအဆင်​့ လိုအပ်​ချက်​အ​ကောင်​အထည်​​ဖော်​​ ဇယားအလုပ်​ရုံ​ဆွေး​နွေးပွဲ တတိယ​နေ့ကို ယ​နေ့ နံနက်​ပိုင်​းတွင်​ ကျင်​းပပြုလုပ်​ခဲ့​ခြင်းဖြစ်သည်​။

အဆိုပါဆွေး​နွေးပွဲတွင်​ မြိုင်​မြို့နယ်​ ​ကျေးလက်​စာအုပ်​ Myaing Village Book ​ရေးဆွဲရေးလုပ်​ငန်​းစဉ်​အပါအဝင်​  ​ကျေးလက်​​ဒေသလိုအပ်​ချက်​များကို ပူး​ပေါင်​းအ​ဖြေရှာခဲ့ကြသည်​။

"Village Book နဲ့ပတ်​သက်ရင်​ လက်​ရှိက​တော့ အကျိုးသက်​​ရောက်​မှု သိပ်​မရှိ​သေးဘူး​။ ဒါ​ပေမယ်​့ Future Plan အ​နေနဲ့ဆို အလွန်​အကျိုးရှိတဲ့လုပ်​ငန်​းစဉ်​ပါ" ဟု မြိုင်​မြို့နယ်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦး​ရဲ​ကျော်​သူဝင်​းက မဇ္ဈိမသို့​ ပြောသည်​။

မြိုင်မြို့နယ်​၌  Village Book ကို ၂၀၁၁ခုနှစ်​က ​ကျေးရွာ ၁၉ ရွာတွင် စတင်​ပြုလုပ်​ခဲ့​ပြီး ယခုနှစ်​မှာတစ်​မြို့နယ်​လုံးတွင်​ ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်​းသိရသည်​။ လက်ရှိတွင် မြိုင်မြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၈၄ အုပ်စုရှိပြီး ရွာပေါင်း ၃၃၀ ရှိသည်။

​Village Book ပြုလုပ်​ထားခြင်​းဖြင်​့ ​နိုင်​ငံ​တော်​နှင့် အလှူရှင်​များက ငွေ​ကြေးများချထား​ပေးပါက ​ကျေးရွာတို့၏ လိုအပ်​ချက်​များကိုအလွယ်​တကူရရှိနို်​င်​ပြီးအလျင်​အမြန်​အ​ကောင်​အထည်​​ဖော်​နိုင်​လိမ်​့မည်​ဟု ယုံကြည်​​ကြောင်​း ​ညောင်​​ကျေးရွာအုပ်​စုမှ ကိုယ်​စားလှယ်​ ကို​အောင်​မင်​းစိန်​က ​ပြောသည်​။

ဆွေး​နွေးပွဲကို မြိုင်​မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာနနှင်​့Actionaid Myanmar တို့မှ ပူး​ပေါင်​း​ဆောင်​ရွက်​ခြင်​းဖြစ်​​သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly