ပရီးမီးယားလိဂ်ဖလားအတွက် ခြောက်ပွဲအနိုင်ရရန် ချယ်လ်ဆီးနည်းပြကွန်တီပစ်မှတ်ထား

ပရီးမီးယားလိဂ်ဖလားအတွက် ခြောက်ပွဲအနိုင်ရရန် ချယ်လ်ဆီးနည်းပြကွန်တီပစ်မှတ်ထား

ဧပြီ ၆၊ လန်ဒန်။           ။ စတမ်းဖို့ဒ်ဘရစ်ချ်တွင် မန်စီးတီးအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ဖလားအတွက် ခြောက်ပွဲအနိုင်ရရန် ချယ်လ်ဆီးနည်းပြကွန်တီက ပစ်မှတ်ထားနေသည်။

ကွန်တီ၏ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်လက်ကျန် ရှစ်ပွဲမှ ၁၈ မှတ်ရယူရန် လိုအပ်နေသည်။ အသင်းအနေဖြင့် နောက်ပွဲတွင် ဘုန်းမောက်နှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ကွန်တီက ဟာဇက်နှင့် ကစားသမားများကို အမှတ်တရ ရာသီတစ်ခုအဖြစ် ဖန်တီးကြရန် တိုက်တွန်းလိုက်သည်။

“စပါးအသင်းက ရှစ်ပွဲလုံးနိုင်ချင်နိုင်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ၁၈ မှတ်ရဖို့ လိုတာပဲ။ အဲဒါက ကျွန်တော်တို့အတွက် အကောင်းဆုံးလမ်းလို့ပဲ ထင်တယ်။

ဟာဇက်က အရေးပါတဲ့ကစားသမားပါ။ သူ့ရဲ့စိတ်ဓါတ်ပိုင်းလည်း တိုးတက်လာတယ်။ သူ တကယ်ကောင်းတဲ့ ရာသီတစ်ခုလို့ ကျွန်တော်ထင်တယ်။

ကျွန်တော်တို့ဗိုလ်စွဲနိုင်ခဲ့ရင် ဒီဘောလုံးရာသီက ကျွန်တော့်ကစားသမားတွေအတွက်၊ ကျွန်တော့်အတွက် အမှတ်တရဖြစ်စေပါ လိမ့်မယ်။

ကျွန်တော်တို့ သုံးမှတ်အပြည့် ခြောက်ကြိမ်ရဖို့အတွက် နိုင်ပွဲခြောက်ပွဲရဖို့ အာရုံစိုက်ရမယ်။ လုပ်နိုင်ခဲ့ရင် ဖလားရပြီ။ မဟုတ်ရင် တော့ ရာသီကောင်းတစ်ခုပဲဖြစ်လာပြီး ခမ်းနားတဲ့ ရာသီတော့မဖြစ်နိုင်ဘူးပေါ့။

ဗိုလ်စွဲခဲ့ရင် ဒီရာသီကို ကျွန်တော်တို့အမှတ်ရနေလိမ့်မယ်။ ကျွန်တော်ပြောလေ့ရှိသလိုပဲ နိုင်တဲ့သူပဲ သမိုင်းရေးမှာဖြစ်ပါတယ်”ဟု ကွန်တီက ဆိုသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags