ရန်ကုန်ရှိ တက်သစ်စ ကစားသမားများ ဆက်လက် ရွေးချယ်မည်

ရန်ကုန်ရှိ တက်သစ်စ ကစားသမားများ ဆက်လက် ရွေးချယ်မည်
ဓာတ်ပုံ-MFF

ဧပြီ ၆ ။                 ။ ဘောလုံး အကယ်ဒမီ ကစားသမား ရွေးချယ်ရေး အဖွဲ့(၄)သည် ဧပြီလ ၆ ရက် နံနက် ၆ နာရီခွဲတွင် ရန်ကုန်ရှိ တက်သစ်စကစားသမားများအား ဆက်လက်ရွးချယ်မည်ဖြစ်သည်။

ရန်ကုန်မြို့နဲ့ အနီးပတ်ဝန်းကျင်တွင် ရှိသော မျိုးဆက်သစ် လူငယ်ကစားသမားများသည်  ဧပြီလ (၆) ရက် နံနက် (၆း၃၀) နာရီတွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းသို့ လာရောက်   ရွေးချယ်ခံယူနိုင်ပါသည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

ဧပြီလ ၅ ရက် ရန်ကုန်မြို့တွင် လူငယ်ကစားသမား ရွေးချယ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရပြီး လာရောက် အရွေးချယ်ခံသည့် ကစားသမားဦးရေမှာ ၂၁၆ ဦး ဖြစ်ကာ ဧပြီ ၆ ရက်နေ့အထိ ဆက်လက်ရွေးချယ်ခြင်း ဖြစ်သည်။

ရွေးချယ်ရေး အဖွဲ့ (၄) သည် ဧပြီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၌ နံနက် (၆း၃၀) နာရီတွင် ကစားသမားရွေးချယ်မှုများ ဆက်လက်ပြုလုပ်မည်ဖြစ်ကာ ယင်းနောက် AYA Bank Scouting Tour 2017 အဖွဲ့ (၄)အစီအစဉ်အတိုင်း အခြားမြို့များသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘောလုံးအကယ်ဒမီများအတွက် မျိုးဆက်သစ် လူငယ်ကစားသမားများရွေးချယ်ပေးမယ့် AYA Bank Scouting Tour 2017 ကို မတ်လ ၁၄ ရက်က စတင်ပြီး မြန်မာနိုင်ငံရှိ မြို့ပေါင်း (၅၅) မြို့ကို လှည့်လည်ပြီး မျိုးဆက်သစ် ပါရမီရှင် လူငယ်ကစားသမားများကို ရွေးချယ်ဖော်ထုတ်ပေးနေခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly