ပြည်မြို့အလယ်ခေါင်တွင် ဓားကိုင်ရမ်းသူများ ထွက်ပြေးလွတ်မြောက်သွား

ပြည်မြို့အလယ်ခေါင်တွင် ဓားကိုင်ရမ်းသူများ ထွက်ပြေးလွတ်မြောက်သွား

ပြည်၊ ဧပြီ ၄ ။            ။ ဧပြီ ၃ ရက်​က ပဲခူးတိုင်​း ပြည်​ခရိုင်​ ပြည်​မြို့ ဘူတာဝင်း နှင်​့ မြင်​းစီး​ကျောက်​ရုပ်​အနီး အုပ်​စုဖွဲ့ ဓါးကိုင်​ ရမ်​းကားသူများကို ရဲတပ်​ဖွဲ့က သွား​ရောက်​ဖမ်​းဆီးခဲ့​သော်​လည်​း ၎င်းတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

"ကျ​နော်​တို့ဆီကို ဖုန်​းဝင်​လာလို့ကျ​တော်​တို့လည်​း သွားဖမ်​းတာပဲ။ ဟို​ရောက်​​တော့ ဘယ်​သူမှမ​တွေ့ရဘူး "ဟု ပြည်​မြို့မရဲစခန်​းမှတာဝန်​ကျရဲတပ်​ဖွဲ့ဝင်​က ​ဆိုသည်​။

ထို​နေ့ည ၁၁ နာရီအချိန်​က ဗိုလ်​ချုပ်​မြင်​းစီး​ကျောက်​ရုပ်​အနီးတွင်​ ဆိုင်​ကယ်​နှစ်​စီးဖြင်​့ လူ​ငယ်​​လေး​ဦး ​ရောက်​ရှိလာပြီး လမ်​းသွားလမ်​းလာများကို စိန်​​ခေါ်ရန်​စခြင်​း၊ ဓါးရှည်​များဖြင်​့ လိုက်​ခုတ်​ခြင်​းများ ပြုလုပ်​ခဲ့သည်​။

"ဆိုင်​ကယ်​တစ်​စီးကို နှစ်​​ယောက်​စီးလာတယ်​။ ပစ္စည်​းလုတာလည်းမဟုတ်​ ရန်​ဖြစ်​တာလည်းမဟုတ်​ သက်​သက်​မဲ့ကို အ​ကြောင်​းမဲ့ လိုက်​ခုတ်​​နေတာ"ဟု မျက်​မြင်​သက်​​သေတစ်​ဦးက​ပြောသည်​။

အဆိုပါလူစု၏ ရမ်​းကားမှု​ကြောင်​့ တစ်​​စုံတစ်​​ဦးမှ ထိခိုက်​မှုမရှိ​သော်​လည်​း လူအများ အထိတ်​တလန်​့ ဖြစ်​ကာထွက်​​ပြေးခဲ့ရသည်​ဟု မျက်​မြင်​များက ဆိုသည်​။ လူစုမှာ ၁၀မိနစ်​ခန်​့ ရမ်​းကားမှုများပြုလုပ်​ခဲ့ပြီး မြင်​းစီး​ကျောက်​ရုပ်​ကို တစ်​ပတ်​ပတ်​ကာ ဗိုလ်​ချုပ်​လမ်​းအတိုင်​း ပြန်​လည်​ထွက်​ခွာသွားခဲ့သည်​။

၎င်းတို့ ပြန်​သွားပြီးမကြာမှီ ဆိုင်​ကယ်​ ရစီး​ဖြင်​့ တီရှပ်အင်္ကျီအဖြူ​ရောင်​ဝတ်​ လူငယ်​ ၁၀​ဦးကျော်​ ထပ်​မံ​ရောက်​ရှိလာခဲ့ပြီး ၎င်းတို့ကမူ ဗိုလ်ချုပ်ကျောက်ရုပ်အား ၃ပတ်ပတ်ပြီး အလေးပြုကာ   ပြန်လည်ထွက်ခွာခဲ့ကြကြောင်း မျက်မြင်များ၏ ပြောပြချက်အရ သိရသည်။

ဗိုလ်​ချုပ်​​ကျောက်​ရုပ်​ အဝိုင်​းပတ်​တွင်​ ရဲကင်​းရှိပြီး၊ လုံခြံု​ရေးကင်​မရာများ (CCTV) တတ်​ဆင်​ထား​​​သော်​လည်​း ထို​နေ့ညပိုင်​းက ရဲလုံခြံု​ရေးများမ​တွေ့ရ​ပေ။

ပြည်​မြို့ဗိုလ်​ချုပ်​လမ်​း၊ ရန်​ကုန်​ပြည်​လမ်​း၊ ​ရွှေတစ်​​ချောင်​းလမ်​းတို့တွင်​ လူငယ်​များ အရက်​​သေစာ​သောက်​စားကာ ဆိုင်​ကယ်​ပြိုင်​​မောင်​းခြင်​း၊ ​ရှေ့ဘီး​ထောင်​စတန်​့ထွင်​​မောင်​း နှင်​ခြင်​း၊ အိပ်​​ဇောဖြုတ်​​မောင်​းခြင်​း၊ အသံ​ပြောင်​း​ထား​သောဟွန်​းများ တပ်​ဆင်​​မောင်​းနှင်​ခြင်​းများပြုလုပ်​​လေ့ရှိသည်​။ အဖွဲ့လိုက်​ဆိုင်​ကယ်​စီးခြင်​းများနှင်​့အတူ အုပ်​စုဖွဲ့ရန်​ဖြစ်​မှုများ ဖြစ်​​ပေါ်လာနိုင်​သည်​ဟု မြို့ခံများက သုံးသပ်​ကြသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required