ဝက်စ်ဘရွန်းအသင်း၏ပစ်မှတ် ဒီယာဘီကို မာဆေးလ်အသင်းခေါ်ယူ

ဝက်စ်ဘရွန်းအသင်း၏ပစ်မှတ် ဒီယာဘီကို မာဆေးလ်အသင်းခေါ်ယူ

ဇူလိုင် ၂၉၊ မာဆေးလ်။ ။ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ဒီယာဘီသည် ဝက်စ်ဘရွန်းအသင်းနှင့်စာချုပ်ရန်ငြင်းဆန်လိုက်ပြီးနောက် ပြင်သစ်ကလပ် မာဆေးလ် သို့ရောက်ရှိသွားပြီဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ပြင်သစ်ကစားသမားသည် ပြီးခဲ့သည့်တစ်ပတ်က ဝက်စ်ဘရွန်းအသင်းတွင် ဆေးစစ်မှုခံယူခဲ့သေးသော်လည်း အော့ဇေးမှထွက်ခွာလာပြီး ကိုးနှစ်အကြာတွင် ပြင်သစ်လိဂ်-၁ သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒီယာဘီသည် အာဆင်နယ်အသင်းတွင် ၂၀၀၆ မှစတင်ပြီး ၁၈၂ ပွဲကစား ခဲ့သော်လည်း ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ခုအတွင်း နှစ်ပွဲသာ ကစားနိုင် ခဲ့ပြီးနောက် ဇွန်လတွင် အာဆင်နယ်မှ ထွက်ခွာခဲ့ရသည်။

မာဆေးလ်အသင်းသည် အခြားအာဆင်နယ်ကစားသမားဟောင်း တစ်ဦးဖြစ်သည့် လာဆာနာဒီယာရာကိုလည်း ပြီးခဲ့သည့်တစ်ပတ်က ခေါ် ယူထားခဲ့သည်။

ဒီယာဘီကိုခေါ်ယူသည့် စာချုပ်သက်တမ်းနှင့် လစာပမာဏကိုမူ မာဆေးလ်အသင်းက တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိပေ။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly