လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်သူများကိုပေးသည့် "ချူမန်ဆု"ဦးအောင်မျိုးမင်း၊ ဒေါ်ဂျာနန် နှင့် ဦးကိုနီတို့အား ချီးမြှင့်

လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်သူများကိုပေးသည့် "ချူမန်ဆု"ဦးအောင်မျိုးမင်း၊ ဒေါ်ဂျာနန် နှင့် ဦးကိုနီတို့အား ချီးမြှင့်
(ဓာတ်ပုံ-ဦးအောင်မျိုးမင်းဖေ့စ်ဘုတ်)

ပထမဆုံးအကြိမ်အဖြစ်ပေးအပ်သည့် "ချူမန်ဆု"ကို  ဦးအောင်မျိုးမင်း၊ ဒေါ်ဂျာနန် နှင့် သေဆုံးသူ ဦးကိုနီတို့ကို ဧပြီ ၄ရက်နေ့ ရန်ကုန်မြို့ ဥရောပသမဂ္ဂနေအိမ်တွင် ဆုချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Roland Kobiaက "ဥရောမသမဂ္ဂရဲ့ စံနှုန်းများနှင့်အညီ မြန်မာနိုင်ငံဒီမိုကရေစီအကူးအပြောင်း၊ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ စွမ်းစွမ်းတမံလုပ်ဆောင်နေသူတွေကို ရွေးချယ်ပြီး ပေးအပ်တဲ့ဆုဖြစ်ပါတယ်"  ဟု ပြောထားသည်

ဆုရရှိသူသုံးဦးစလုံးမှာ "ချူမန်ဆု" ကို ရရှိခဲ့ခြင်းဖြစ်ပြီး "သူတို့ဘက်ကတော့ သူတို့ရွေးချယ်မှုအပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မတူညီသော လှုပ်ဆောင်မှုလေးတွေပေါ့နော် အဲ့တာတွေကို သူတို့ပြောပြတယ်။ ဒေါ်ဂျာနန်ဆိုရင် နိုင်ငံရေးမှာ ဒီငြိမ်းချမ်းရေးမှာ အမျိုးသမီးပါဝင်မှုကို ဂုဏ်ပြုတယ်ဆိုတဲ့ဟာမျိုး၊ ကျွန်တော့်ကို ဆိုရင် ဒီ မတူကွဲပြားမှုနဲ့ လူ့အခွင့်အရေးကိစ္စလုပ်တယ်ဆိုတဲ့ဟာမျိုး၊ ဦးကိုနီကျတော့ ဒီတရားရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ကြံခံရတဲ့အထိ ထမ်းဆောင်သူများအဖြစ် အဲ့လိုမျိုးပဲ နာမည်တပ်ပြီးတော့ ပြောသွားတာပါ" ဟု ညီမျှခြင်းမြန်မာ၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ မဇ္ဈိမကို ပြောသည်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရသူ ဦးကိုနီအတွက် ပေးအပ်သောဆုကို ဦးကိုနီ၏ ဇနီးနှင့် သမီးကြီးက ကိုယ်စားတက်ရောက်ယူခဲ့ကြောင်း သိရသည်။

၎င်း "ချူမန်ဆု" ကို ဥရောပသမဂ္ဂအဖွဲ့မှ ပြဌာန်းထားသော "Treaty of Rome" (ရောမစာချုပ်) နှစ် (၆၀)ပြည့် အထိမ်းအမှတ်နေ့အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ခုနှစ် လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံသားများကို ပထမဆုံးအကြိမ် ချီးမြှင့်သည့်ဆုဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required