ယူရိုပါလိဂ်ဖလားရရှိရေးအတွက် ပရီးမီးယားပွဲစဉ်များတွင် အရန်ကစားသမားများကို မန်ယူနည်းပြမော်ရင်ဟို အသုံးပြုဖွယ်ရှိနေ

ယူရိုပါလိဂ်ဖလားရရှိရေးအတွက် ပရီးမီးယားပွဲစဉ်များတွင် အရန်ကစားသမားများကို မန်ယူနည်းပြမော်ရင်ဟို အသုံးပြုဖွယ်ရှိနေ

မန်ချက်စတာ၊ ဧပြီ ၃ ။             ။ မန်ယူနည်းပြမော်ရင်ဟိုသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်လေးအတွင်းဝင်ရန် ခက်ခဲသည့်အတွက် ယူရိုပါလိဂ်ကိုသာ အာရုံစိုက်မည်ဖြစ်ပြီး ပရီးမီးယားလိဂ်လက်ကျန်ပွဲစဉ်များတွင် အရန်ကစားသမားများကို အသုံးပြုသွားဖွယ်ရှိနေသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)အပြီးတွင် ရမှတ် ၅၃ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။ မန်ယူသည် အဆင့် ၄ မှ မန်စီးတီးထက် တစ်ပွဲလျော့ကစားထားသော်လည်း ၅ မှတ်အထိ ကွာဟနေသည်။

ထို့ကြောင့် မော်ရင်ဟိုက ပရီးမီးယားလိဂ်တွင် အဓိကကစားသမားများကို အနာခံမည်မဟုတ်ဘဲ အရန်ကစားသမားများကို အသုံးပြုသွားမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ယူရိုပါလိဂ်တွင် ဗိုလ်စွဲရန်ရေပန်းအစားဆုံးဖြစ်နေပြီး ဗိုလ်စွဲခဲ့ပါက လာမည့်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

မန်ယူအသင်းသည် ယူရိုပါလိဂ်ကွာတားဖိုင်နယ်တွင် ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းနှင့်တွေ့ဆုံလျက်ရှိသည်။

ရည်ညွှန်း - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required