ပြည်​မြို့သင်္ကြန်​ အရက်သေစာကိစ္စ နှင့် သရုပ်ပျက်ဝတ်စားမှုမှအပ လွတ်လပ်ခွင့်ပေးမည်ဟုဆို

ပြည်​မြို့သင်္ကြန်​ အရက်သေစာကိစ္စ နှင့် သရုပ်ပျက်ဝတ်စားမှုမှအပ လွတ်လပ်ခွင့်ပေးမည်ဟုဆို
 Dry snake မဏ္ဍပ် ၂၀၁၆ သြင်္ကန် (ဓါတ်ပုံ-ပြည့်သဲမောင်)

ပဲခူးတိုင်​း ပြည်​ခရိုင်​ ပြည်​မြို့တွင်​ ယခုနှစ်​ ကျင်​းပမည်​့ မဟာသင်္ကြန်​ကို စည်​းကမ်​းတင်​းကြပ်​မှုများ ပြုလုပ်​မည်​မဟုတ်​ဘဲ လွတ်​လပ​်​ပျော်​ရွှင်​စွာဆင်​နွဲနိုင်​မည်​ဟု ပြည်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးရုံး မှတာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။

"အ​ရေးယူဖို့ အစီအစဉ်​​တွေဘာမှမရှိပါဘူး။ အ​ရေးယူမယ်​ဆိုရင်​လည်​း အမိန်​့ထုတ်​ပြီးမှလုပ်​လို့ရမယ်​"ဟု ပြည်​မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးရုံးမှ ဦးမြင်​့​အောင်​ကဆိုသည်​။

အခြား မြို့နယ်​များတွင်​ အရက်​​သေစာဖမ်​းဆီး အ​ရေးယူခြင်​း၊ အိပ်​​ဇောဖြုတ်​ဆိုင်​ကယ်​များဖမ်​းဆီးခြင်​း၊ သရုပ်​ပျက်​ဝတ်​စားဆင်​ယဉ်​မှုများ တားဆီးခြင်​း၊ သင်္ကြန်​သံချပ်​များကြပ်​မတ်​ခြင်​းများ ရှိ​သော်​လည်​း ပြည်​မြို့သင်္ကြန်​တွင်​ လွတ်​လပ်​ခွင်​့ပေးထားမည်​ဖြစ်​သည်​။

ပြည်​မြို့​ပေါ်တွင်​ ပုဂ္ဂလိက မဏ္ဍပ်​ ၂၁ ခု၊ ​ကျေးရွာပုဂ္ဂလိက မဏ္ဍပ်​ ၃ ခု၊ ဗဟိုရ်​မဏ္ဍပ်​ ၁ ခု စုစု​ပေါင်​း မဏ္ဍပ်​ ၂၅ ခု ခွင်​့ပြု​ပေးထားပြီး ဌာနဆိုင်​ရာနှင်​့ ရပ်​ကွက်​ မဏ္ဍပ်​များမရှိပါ။

"အရင်​နှစ်​ထက်​​တော့မဏ္ဍပ်​​တွေ နည်​းနည်​းပိုလာ​တော့ ပိုစည်​ကားမယ်​ထင်​တယ်​"ဟု ဦးမြင်​့​အောင်​ က ​ပြောသည်​။

သို့​သော်​ ပြည်​မြို့မှ အစည်​ကားဆုံး စီးပွားဖြစ်​သင်္ကြန်​မဏ္ဍပ်​ ဖြစ်​သည်​့ DRY SNAKE မဏ္ဍပ်​ကို ပြည်​မြို့ ဗဟိုရ်​မီးသတ်​​ရှေ့မှ ပြည်​ဘူတာရုံ အထွက်​​ပေါက်​သို့ ​ပြောင်​းရွှေ့ဖွင်​့ လှစ်​ခဲ့ရသည်​။

"နှစ်​စဉ်​နှစ်​တိုင်​း ပြည်​သင်္ကြန်​စည်​ကား​ဖို့လုပ်​နေရတာဖြစ်​တဲ့ အတွက်​ လုပ်​လက်​စ​နေရာ​လေးကိုပဲပေး​စေချင်​တယ်​။ အာဏာပိုင်​အဖွဲ့အစည်​းနဲ့​ ဒေသခံရပ်​မိရပ်​ဖတွေက ဝိုင်​းဝန်​းကူညီ စီစဉ်​​ပေး​စေချင်​တယ်​"ဟု ကို​အောင်​ကြီးကဆိုသည်​။

မဟာသင်္ကြန်​ပွဲအတွက်​ ဒေသဆိုင်​ရာအုပ်​ချုပ်​​ရေးအဖွဲ့များ မတ်​လ၃၁ ရက်​က အစည်​းအ​ဝေးပြုလုပ်​ခဲ့ပြီးဖြစ်​သည်​။ ဧပြီ၄ ရက်​​တွင်​ တိုင်​းအစိုးရအဖွဲ့ရုံး၌ အစည်​းအ​ဝေး ထပ်​မံ ပြုလုပ်​ ဦးမည်​ဖြစ်​သည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required