တညင်းကုန်း အဆင့်မြင့် လက်ကားစျေးတည်ထောင်သူ MAEX ၏ ရှယ်ယာရောင်းချခဲ့မှု အခြေအနေ အပိုင်း (၂)

02 April 2017
တညင်းကုန်း အဆင့်မြင့် လက်ကားစျေးတည်ထောင်သူ MAEX ၏ ရှယ်ယာရောင်းချခဲ့မှု အခြေအနေ အပိုင်း (၂)

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

MAEX ရဲ့ တညင်းကုန်စျေး အခြေအနေကိုလည်း သိချင်ပါတယ်ခင်ဗျာ။ လက်ရှိအခြေအနေမှာ မြေဧက စုစုပေါင်း ၈၃ ဧကလောက်မှာ တညင်းကုန်းစျေးကို အပိုင်းနှစ်ပိုင်းခွဲပြီးတော့ အပိုင်းနှစ်ပိုင်းမှာမှ အဆင့်ပေါင်း လေးဆင့်လို့ သိရတယ်ခင်ဗျာ။ တချို့ကိုလည်း တစ်ပြိုင်တည်း လုပ်နေတယ်လို့ ပြောတယ်လေ။ အစ်ကို အရှေ့မှာပြောသွားတဲ့ သတင်းအချက်အလက် အခြေအနေအရဆိုရင် မတ်လလောက်မှာ ကျွန်တော်တို့ စျေးရဲ့ ကနဦး စဖွင့်နိုင်ဖို့အတွက် ဆိုင်းပြင်းနေပြီလို့ သိရတယ်ခင်ဗျ။ ဖွင့်လည်း ဖွင့်နိုင်မယ်ပေါ့နော်။ ဆိုတော့ အဲဒီအပိုင်းလေးမှာ ဘာတွေဘာတွေပါမလဲ။ ဘယ်အပိုင်းတွေ စဖွင့်နိုင်မလဲပေါ့နော်။ ဘယ်သူတွေ ရောင်းချနိုင်မလဲဆိုတာလေးကို အစ်ကိုအနေနဲ့ ပြောပြပေးပါလား။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ဟုတ်ကဲ့ ကျွန်တော်တို့ စျေးပထမအဆင့်မှာတော့ စျေးရုံကြီးသုံးရုံပေါ့နော်။ စျေးရုံကြီးသုံးရုံမှာမှ ဟင်းသီးဟင်းရွက်ရုံပါမယ်၊ သစ်သီးဝလံရုံပါမယ်၊ ပန်းပန်၊ ကုန်ခြောက်၊ နောက်တစ်ခါ တောင်သူတွေ တိုက်ရိုက်လာရောင်းနိုင်မယ့် ရုံပါမယ်။ နေ့ချင်းရောင်းပေါ့။ အဲဒီ Function တွေကို စျေးရုံကြီးသုံးရုံမှာ ဇုန်တွေသတ်မှတ်ပြီးတော့ ကျွန်တော်တို့ နေရာတွေ ချသွားပေးမှာ ဖြစ်ပါတယ်။ လာမယ့် တစ်ပတ်နှစ်ပတ်အတွင်းမှာလည်း စျေးဖွင့်ချင်တဲ့သူတွေကို အဆိုပြုလွှာ ခေါ်မှာဖြစ်ပါတယ်။ အဆိုပြုလွှာတွေခေါ်ပြီးမှ ဘယ်လိုဆိုင်မျိုး ဖွင့်ချင်တယ် ဘယ်နှစ်ခန်းရှိတယ်ဆိုတာတွေကို သိရတော့မှ အသေးစိတ် ကျွန်တော်တို့ ထပ်ပြီးတော့မှ ဟင်းသီးဟင်းရွက်ကတော့ ဆိုင်ပေါင်း တစ်ထောင်လိုတယ်၊ နှစ်ထောင်လိုတယ် စသည်ဖြင့် ကျွန်တော်တို့ စီမံလို့ရအောင် အဆိုပြုလွှာကို ခေါ်သွားမှာဖြစ်ပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဆိုတော့ စျေးရုံကြီးသုံးရုံ စဖွင့်မှာပေါ့။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

မှန်ပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဆိုင်ခန်းပေါင်းကရော ဘယ်လောက်လဲ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ဆိုင်ခန်းပေါင်းက ကျွန်တော်တို့ ငါးထောင်လောက်ရှိပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဆိုတော့ ဒီစျေးသစ်ကြီးကို ရောက်ပြီဆိုရင် စျေးဟောင်းက ရှိနေဦးမှာလား ဖျက်ပစ်လိုက်မှာလား၊ စည်ပင်ကနေ ဘာတွေသိထားတာရှိလဲ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

စျေးဟောင်းက ဖျက်ပစ်လိုက်မှာပါခင်ဗျာ။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဖျက်ပစ်ပြီးတော့ ဘာလုပ်မှာလဲ အစ်ကိုတို့နဲ့ရော ဆိုင်လား။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ဒီ တညင်းကုန်းစျေး ၈၃ ဧကထဲမှာ အဲဒီစျေးဟောင်းရဲ့ ၁၀ ဧကလည်း ပါပါတယ်။ အဲဒီ စျေးဟောင်း ၁၀ ဧကကို စျေးသစ်ထဲကို ထည့်ပြီးရင် စျေးဟောင်းနေရာမှာ ကျွန်တော်တို့တွေ ထပ်ပြီးတော့ စျေးသစ်တွေ တည်ဆောက်သွားမှာပါ။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဆိုတော့ အကိုတို့ရဲ့ MAEX က စည်ပင်သာယာရေးကော်မတီရဲ့ မြေမှာ အကျိုးတူပူးပေါင်းပြီးတော့ လုပ်တာပေါ့နော်။ နှစ် ရ၀။ ဆိုတော့ စတော့အိတ်(စ်)ချိန်းမှာ စည်ပင်သာယာရေးကော်မတီကို အကျိုးအမြတ်တွေ ပေးရမယ့်အပိုင်းတွေရှိလား။ ဘယ်လို ကတိကဝတ်တွေရှိလဲ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ကျွန်တော်တို့ စည်ပင်နဲ့ ဒီမြေအပေါ်မှာ လုပ်တဲ့အတွက် ကျွန်တော်တို့က ဆောက်လိုက်တဲ့ ပွဲရုံရဲ့ ၂၀ ရာခိုင်နှုန်းကို စည်ပင်ကို ကျွန်တော်တို့က ပေးရမှာဖြစ်ပါတယ်။ အဲဒါပြီးလို့ရှိရင် ကျန်တဲ့လုပ်ငန်း အားလုံးရဲ့ အကျိုးအမြတ်ရဲ့ ၂၅ ရာခိုင်နှုန်း အခွန်မဆောင်မှီ ၂၅ ရာခိုင်နှုန်းကို ကျွန်တော်တို့ ခွဲဝေပေးမှာဖြစ်ပါတယ်။ စည်ပင်နဲ့ချုပ်ထားတဲ့ စာချုပ်မှာလည်း ကျွန်တော်တို့က ဒီစျေးတစ်ခုတည်းမှာပဲ ကျွန်တော်တို့က အကျံုးဝင်ပါတယ်။ အကယ်၍ ကျွန်တော်တို့က နောက်စျေးတွေကို မန္တလေးမှာဖွင့်မယ်၊ ရှမ်းပြည်မှာဖွင့်မယ်ဆိုတဲ့ စျေးတွေကျရင် ဒါက ရန်ကုန်မြို့တော်စည်ပင်နဲ့ အကျိုးခွဲဝေမှုမှာ မသက်ဆိုင်တော့ဘူးဖြစ်ပါတယ်။ တခြားစည်ပင်ဖြစ်မယ်။ ဒါမှမဟုတ်လို့ စည်ပင်မပါလို့ ကျွန်တော်တို့က မြေဝယ်ပြီးတော့ လုပ်တယ်ဆိုရင်လည်း ဒါက မရှိတော့ဘူးပေါ့။ ဒါပေမယ့် ရန်ကုန်ရဲ့ တညင်းကုန်းစျေးကတော့ စည်ပင်က အကျိုးခံစားခွင့် ရှိမှာဖြစ်ပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဒါဆို သူတို့ကိုပေးရမယ့်ဟာတွေကကျတော့ စောနကပြောတဲ့ ၂၀ ရာခိုင်နှုန်း ၊ နောက်တစ်ခုကကျတော့ အကျိုးအမြတ်ရလာပြီးတဲ့အပေါ်မှာ ၂၅ ရာခိုင်နှုန်းဆိုတော့ ရာခို်င်နှုန်းတွေက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရမှာ မများလွန်းဘူးလားခင်ဗျာ။ ကျွန်တော်သိချင်တာက ဒဂုန်အင်တာနေရှင်နယ်အနေနဲ့ ၂၀၁၄ လောက်တုန်းက မြေပေါ်မှာ ၈၃ ဧကအပေါ်မှာ တင်ဒါအောင်တုန်းက အဲဒီတုန်းက စျေးက နည်းခဲ့လို့လား။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ပြောမယ်ဆိုရင် ကျွန်တော်တို့ တင်ဒါအောင်တဲ့အချိန်မှာ ကျွန်တော်တို့ပေးတာက အများဆုံးဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေရဲ့ သူ့ရဲ့ ပေးပုံပေးနည်း မျိုးစုံရှိပါတယ် ရန်ကုန်မြို့မှာ အများနားလည်တာကတော့ ရန်ကုန်မြို့မှာ အချိုးတူလုပ်လို့ရှိရင် ၄၀-၆၀ တို့ ၅၀-၅၀ အချိုးတို့ ဒီလိုသွားကြတယ်ပေါ့နော်။ ကျွန်တော်တို့ကြတော့ ခုနက ချော့ဖောက်မှာ ၂၀ အကျိုးအမြတ်အပေါ်မှာ ၂၅ အဲတော့ နှစ်ရှည် ။ ကျွန်တော်တို့ နှစ် ရ၀ လုံးလုံး ၂၅ ရာခိုင်နှုန်းက နိုင်ငံတော်ကို ပေးဆပ်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဒီဥစ္စာသည် တခြားကုမ္ပဏီတွေနဲ့ယှဉ်ရင် ရေရှည်မှာ နိုင်ငံတော်ရဲ့အကျိုးက အများကြီး ပိုရှိတဲ့အတွက် ရွေးချယ်ခြဲ့ခင်းဖြစ်ပါတယ်။ သို့သော်လည်း မများဘူးလားဆိုတော့ ဒါကတော့ လုပ်ငန်းရဲ့ သဘောသဘာဝအရပေါ့ ဒီဟာသည် တွက်ချေကိုက်နိုင်တဲ့ နှုန်းလို့တော့ ကျွန်တော်တို့ တွက်လို့ရပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဘယ်လောက်ထိ တွက်ချေကိုက်နိုင်တယ်လို့ ထင်လဲ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ကျွန်တော်တို့ မူလတွက်ထားတာကတော့ ဒီစီမံကိန်းပေါ့ ။ တညင်းကုန်းတစ်ခုတည်း စီမံကိန်းက ရ နှစ်နဲ့ ၁၀ နှစ်အတွင်းမှာ ကျွန်တော်တို့ အရင်းကျေကာလကို တွက်ထားပါတယ်။ ဆိုလိုအနေအထားနဲ့ ပေးပေမယ့်လို့ နှစ်စဉ်နှစ်စဉ် ဆက်ပေးသွားပေမယ့် ကျွန်တော်တို့ရဲ့ အရင်းကျေကာလကတော့ အရင်းကျေပြီးသား ရ နှစ်နဲ့ ၁၀ အတွင်းမှာ ဖြစ်သွားနိုင်တဲ့အတွက် တွက်ချေကိုက်တယ်လို့ ကျွန်တော်တို့ တွက်ထားတာပါ။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဟုတ်ကဲ့ခင်ဗျာ။ ဒါ အပိုင်းစီမံကိန်း ပထမအတွက်ကို ၂၅ ဘီလီယံထဲကမှ ၅ ဘီလီယံ အခုဆိုရင် တင်ထားတာ ၆ ဘီလီယံ ကျော်ဖို့ကို အများပြည်သူက ရင်းနှီးမြှုပ်နှံမယ်ပေါ့နော်။ ဒါဆိုရင် ကျွန်တော်သိထားတာက စီမံကိန်း ၈၃ ဧကတစ်ခုလုံး ၊ Face 1 အပေါင်း Face 2 ပေါ့။ အကုန်လုံးမှာကျတော့ ၉၀ ဘီလီယံနဲ့တူတယ်နော်။ ရင်းနှီးမြှုပ်နှံ့မှုက........

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

၉၉ ဒသမ ၈ ဘီလီယံပါ။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဟုတ်ကဲ့ ဒါဆိုရင် ၁၀၀ နီးပါးပေါ့။ ဒါဆို ကျန်တဲ့ ရ၅ ဘီလီယံထဲမှာရော နောက်ထပ် ရင်းနှီးမြှုပ်နှံ့မှုအပိုင်းတွေ အများပြည်သူကို ဒီ SECM က ခွင့်ပြုချက်အရ ရှယ်ယာခေါ်သွားဖို့လည်း ရှိတယ်ပေါ့။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ကျွန်တော်တို့က ဒီလိုပါ။ အခုခေါ်တဲ့ ၂၅ ဘီလီယံက Phase 1 ပြီးရင် ကျွန်တော်တို့က Rotate ပေါ့ ဒီငွေကို ပြန်ပြီးတော့ ပြန်ရင်းသွားမှာခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့စီမံကိန်းက ကျွန်တော်တို့က ပွဲရုံတွေကို ရောင်းမှာဖြစ်တဲ့အတွက် ပွဲရုံတွေက ပြန်ရောင်းလို့ရမယ့်ငွေတွေနဲ့ ပြန်ပြီးတော့ Phase 2, Phase 3, Phase 4 အဲလိုမျိုး လည်ပတ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လက်ရှိအနေအထားမှာတော့ ၂၅ ဘီလီယံရှိရင် ဒီ ၉၉ ဒသမ ၈ ဘီလီယံရှိတဲ့ စျေးကြီးကို ကျွန်တော်တို့ ဆောက်နိုင်သွားမယ်လို့ ကျွန်တော်တို့ မျှော်မှန်းတယ်ခင်ဗျာ။ ကျွန်တော်တို့က ပွဲရုံတွေရောင်;မှာဖြစ်တဲ့အတွက်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ)

ဒါဆိုရင် နောက်ထပ်ငွေမဟုတ်ဘူးပေါ့။ ၂၅ ဘီလီယံနဲ့ ဒီကာလတွေမှာ ရ နှစ် ၊ ၈ နှစ်အတွင်း လည်ပတ်သွားပြီး အရင်းကျေကာလပြီးတဲ့အချိန်မှာ ရတဲ့ဟာနဲ့ ဆက်သွားမယ်ပေါ့။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

မှန်ပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ

ဒါဆိုရင် တစ်ခုပါပဲခင်ဗျာ။ နောက်ဆုံး ဘယ်အချိန်လောက်မှာများ ၈၃ ဧကရဲ့ စီမံကိန်းကြီးက မြေပေါ်ကို ပေါ်လာမှာလဲအစ်ကို။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ကျွန်တော်တို့ ပလန်အရဆိုရင်တော့ ကျွန်တော်တို့ နောက်ထပ် သုံးနှစ်လောက်အတွင်းမှာ အားလုံးပီးသွားဖို့ ကျွန်တော်တို့ စီမံကိန်း ဆွဲထားပါတယ်။ ဒါကလည်း ပွဲရုံတွေဝယ်တဲ့လူတွေ ရှိမှလည်း ဒီပွဲရုံတွေ ဆောက်ဖြစ်ပြီးတော့ ဒီဟာတွေကို အကုန်လုံး ပြီးပြတ်သွားမယ့် အနေအထားဖြစ်ပါတယ်။

အောင်သူရ (အစီအစဉ်တင်ဆက်သူ

ကျွန်တော်တို့ MAEX ရဲ့ ရန်ကုန်စတော့အိတ်စ်ချိန်းမှာလည်း နောက်နှစ်လောက်မှ တင်နိုင်မယ်လို့ ပြောခဲ့တယ်နော်။ ရှယ်ယာအရောင်းအဝယ်တွေ လုပ်သွားမယ်လို့ သိရတယ်ခင်ဗျာ။ ဆိုတော့ အခု ပြင်ဆင်ထားတဲ့အပိုင်းမျာ ကုမ္ပဏီက သုံးနှစ်ဆက်တိုက်လောက် ငွေကြေးအောင်မြင်မှုတွေ ရှိရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်းရှိမယ်။ ပြီးတော့ ဘဏ္ဍာရေးရှင်းတမ်းတွေလည်း ရှိရမှာပေါ့နော်။ ဒါကတော့ ရန်ကုန်စတော့အိတ်စ်ချိန်းမှာဝင်တဲ့ ကုမ္ပဏီတွေရဲ့ သတ်မှတ်ချက် ၁၇ ချက်ထဲက တစ်ချက်နှစ်ချက်ပေါ့နော်။ ကျွန်တော်လက်လှမ်းမှီသလောက် သိရတာပါ။ အဲဒီအတွက်ရော ဘာတွေပြင်ဆင်ထားပြီးပြီလဲ ဘာတွေမျှော်မှန်းထားတာ ရှိလဲခင်ဗျာ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ကျွန်တော်က စတင်ပြီးတော့ ဒီကုမ္ပဏီကို တည်ထောင်ကတည်းက တကယ့် ရည်မှန်းချက် သွားကိုသွားရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တည်ထောင်ထားတာဖြစ်တဲ့အတွက် ခုနက သတ်မှတ်ထားတဲ့ ၁၇ ချက်မှာ ကျွန်တော်တို့က တော်တော်လေး ပြည့်မီနေပါပြီ။ ကျွန်တော်တို့လိုတဲ့ တစ်ချက်နှစ်ချက်လောက်ကတော့ ခုနက အဓိကကျတဲ့ နှစ်နှစ်ပေါ့ ။ နှစ်နှစ် လုပ်ငန်းလုပ်တဲ့အချိန်မှာ အကျိုးအမြတ် အမြတ်အစွန်း ရှိထားပြီးသား ကုမ္ပဏီဖြစ်ရမယ်ဆိုတဲ့ အချက်တစ်ချက် ကျန်ပါတယ်။ အဲဒါကလည်း ကျွန်တော်တို့က ဒီနှစ် ဘဏ္ဍာနှစ်ပြီးတဲ့အချိန်ကျရင် ဒီဥစ္စာကို ပြည့်မီအောင်လို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အဲဒါ ပြည့်မီသွားမယ်ဆိုရင်တော့ ကျွန်တော်တို့က ခုနက ပြောတဲ့ အားလုံးနည်းနည်းကို ကျွန်တော်တို့က ပြည့်မီမယ်ပေါ့နော်။ သူတို့ရဲ့ စစ်ဆေးတဲ့အပိုင်းနဲ့ ပြင်ဆင်တဲ့အပိုင်းပဲ ကျန်နေတော့မယ်လို့ ကျွန်တော်တို့အနေနဲ့ နားလည်ထားပါတယ်။ ဒါကြောင့်မို့ ဒီဟာကို အစွမ်းကို ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒါကိုသာ ကျွန်တော်တို့ ကျော်လွှားနိုင်မယ်ဆိုရင် ခုနကတုန်းက မူလပြောထားတဲ့ နောက်နှစ်လောက်မှာ ကျွန်တော်တို့ Listing သွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

အောင်သူရ (အစီအစဉ်တင်ဆက်သူ )

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဦးသူရိန်အောင် (ဒါရိုက်တာ)

မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများပိုင်ကုမ္ပဏီ လီမီတက်- MAEX

ဟုတ်ကဲ့ပါ။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

အပိုင်း(၁) အားအောက်ပါလင့်တွင် ဖတ်နိုင်ပါသည်။-http://www.mizzimaburmese.com/article/25237

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly