ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အားလုံး၏ အမည်စာရင်းနှင့် မဲရလဒ်များ

ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အားလုံး၏ အမည်စာရင်းနှင့် မဲရလဒ်များ

နေပြည်တော်(ဧပြီ ၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ ယမန်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂ရက် ညနေပိုင်းက အပြီးသတ် ကြေငြာလိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့သည့် လစ်လပ်မဲဆန္ဒနယ် ၁၉နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ၉နေရာ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က ၆နေရာ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က ၂နေရာ၊ ရခိုင်အမျိုးသားပါတီ(ANP)က ၁နေရာနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီက ၁နေရာ အနိုင်ရရှိခဲ့သည်။

သက်ဆိုင်ရာလွှတ်တော်အသီးသီးသို့ ရောက်ရှိလာကြတော့မည့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်၊ မဲဆန္ဒနယ်၊ သက်ဆိုင်ရာလွှတ်တော်နှင့် မဲရလဒ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်

၁) ဦးဝင်းမင်း၊ လှိုင်သာယာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃၁၃၆၉မဲ
၂) ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၁၉၆၆၇
၃) ဦးညွှန့်အောင်၊ မုံရွာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၉၅၉၂၃မဲ
၄) ဦးမြစိန်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၅၇၅၆မဲ
၅) ဦးကျော်ဆွေဝင်း(ခ) ဦးအာလူး၊ ကော့မှူးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၃၈၀၂၈

၆) ဦးနေကျော်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂၇၃၅၇မဲ

၇) ဒေါက်တာအေးမောင်၊ အမ်းမြို့နယ်၊ ရခိုင်အမျိုးသားပါတီ၊ ၂၁၇၉၄မဲ

၈) စိုင်းဝင်းအေး(ခ)စိုင်းထွန်းအေး၊ မိုင်းရှူးမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊

၉) စိုင်းအောင်ကျော်၊ ကျေးသီးမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၈၈၈၂မဲ

 

ပြည်နယ်လွှတ်တော်

၁)ဦးသဲရယ် ၊ ဖရူဆိုမြို့နယ်၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ၊ ၃၃၅၁မဲ
၂) ဦးခင်မောင်ဝင်း၊ ညောင်ရွှေမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၇၂၀၄

၃) ဦးရှာမွေလရှဲန်၊ ကျိုင်းတုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရ၀၂၆မဲ

၄) စိုင်းလင်းမြတ်၊ မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၄၇၆၄မဲ

၅) ဒေါ်နန်းကောင်ခမ်း၊ မိုင်းရှူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၅၇၅၃မဲ

၆) စိုင်းစံမိုင်း ၊ ကျေးသီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ၁၁၅၄၂မဲ

၇) ဦးခင်မောင်ညွှန့်  ၊ ကျေးသီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရ၈၃၂မဲ

 

အမျိုးသားလွှတ်တော်

၁) ဒေါက်တာမောင်မောင်၊ ရန်ကုန်တိုင်းမဲဆန္ဒနယ်အမှတ်(၆)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရ၅၂၉၉မဲ

၂) ဒေါ်စန်းစန်းမြင့်၊ ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၄)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရ၁၀၄၂မဲ

၃) ဦးဘွဲခိန်း၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၉၂၄၂မဲ

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required