​စျေးနှုန်​းဆက်​တိုက်​ ကျဆင်​း​နေ၍ ခရမ်​းချဉ်​စိုက်​​တောင်​သူများ အရှုံး​ပေါ်

​စျေးနှုန်​းဆက်​တိုက်​ ကျဆင်​း​နေ၍ ခရမ်​းချဉ်​စိုက်​​တောင်​သူများ အရှုံး​ပေါ်

ဧပြီ်  ၂ ။                     ။ စစ်​ကိုင်​းတိုင်​း​​ဒေသကြီး ဆားလင်​းကြီးမြို့နယ်၊ တောင်​ယမား​ချောင်​းကမ်​းမှ ထွက်​ရှိ​သော ခရမ်​းချဉ်​သီး​​များ ​စျေးနှုန်​းဆက်​တိုက်​ကျဆင်​း​နေ၍
​ခရမ်​းချဉ်​စိုက်​​တောင်​သူများ  အရှုံးပေါ်လျက်​ရှိ​ကြောင်​း သိိရသည်​။

ခရမ်​းချဉ်​သီး​စျေးနှုန်​းမှာ ​ဖေ​ဖော်​ဝါရီလက ကျပ်​ ၂၀၀၀ ခန်​့​ စျေး​ပေါက်​​သော်​လည်​း မတ်​လကုန်​ပိုင်​းမှ စ၍ စျေးနှုန်​းများ ဆက်​တိုက်​ကျဆင်​းလာကာ လက်​ရှိအချိန်​၌ တစ်​ပိဿာ ကျပ်​ ၁၀၀ သာ​စျေး​ပေါက်​တော့​ကြောင်​း ​ခရမ်​းချဉ်​စိုက်​​တောင်​သူများထံက သိရသည်​။

"လက်​ရှိအစ်မတို့ အခင်​း​ပေါ့။ တစ်​ဧက နီးပါးရှိတယ်။ စိုက်ပျိုးစရိတ်က ဆယ်သိန်းကျော်နေပြီ။ လက်ရှိစျေးနှုန်းနဲ့ဆို ရှုံးပြီ " ဟု​ ရွှေပင်​​ပေါက်​​ကျေးရွာမှ ကြက်​သွန်​စိုက်​​တောင်​သူ မခင်​မိုး​အေးက မဇ္ဈိမသို့​ ပြောသည်​။

ယခု​ဖြိုင်​ဖြိုင်​​ပေါ်​နေ​သော ခရမ်​းချဉ်​များကို ဒီဇင်​ဘာလကုန်​ ၊ ဇန်​နဝါရီလဆန်​းပိုင်​းက စိုက်​ပျိုးခဲ့ပြီး သုံးလအကြာတွင်​ ဆွတ်​ခူးရ​ကြောင်း​သိရသည်​။

"ပခုက္ကူက ပွဲစား​တွေ ကားနဲ့လာဝယ်​တာ​တော့ရှိတယ်​။ သူတို့ဆီ​ရောင်း​ရင်​  တစ်​ရာကို မရဘူး"ဟု မခင်​မို​း​အေးက ဆက်​လက်​​ပြောပြသည်​။

 လက်​ရှိအချိန်​၌ ခရမ်​းချဉ်​ပင်​များအား ပင်တိုင်​နှင်​့ကပ်​၍ ကြိုးချည်​ရန်​ရှိ​သော်​လည်​း လုပ်​သား​စျေးနှုန်​းနှင်​့ ခရမ်​းချဉ်​​စျေးနှုန်​း မမျှ​သော​ကြောင်​့ မလုပ်​ဘဲ နေ​နေရ​ကြောင်​း သိရသည်​။

 ယခင်​နှစ်​က အခုချိန်​၌ ခရမ်​းချဉ်​သီး​စျေးနှုန်​းမှာ  ၁ ပိဿာ ၃၀၀ ကျပ်​ မှ ၄၀၀ ကျပ်​ကြား ပေါက်စျေးရှိ​ကြောင်​းသိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly