ပျဉ်းမနားကျီအင်းတွင် ဒုတိယအကြိမ်မြောက် နွားပြိုင်ပွဲပြုလုပ်

ပျဉ်းမနားကျီအင်းတွင် ဒုတိယအကြိမ်မြောက် နွားပြိုင်ပွဲပြုလုပ်
ဓာတ်ပုံ- အောင်မြတ်သူ

ပျဉ်းမနားမြို့နယ် ကျီးအင်းကျေးရွာတွင် ဒုတိယအကြိမ်မြောက် နွားပြိုင်ပွဲကို ကျင်းပခဲ့ပြီး ပျော်ဘွယ်၊ သာစည်၊ နတ်မောက်၊ ဖြူးကညွှတ်ကွင်း၊ ရေနီ၊ သာဝတ္ထိနှင့် ပျဉ်းမနားမြို့ ပတ်ဝန်းကျင်ရှိ   ကျေးရွာများမှ နွားချင်း ပေါင်း ရ၃ ချင်း လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း အဆိုပါပြိုင်ပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုကျော်ဇင်ဝင်းထံက သိရသည်။

အဆိုပါပြိုင်ပွဲတွင်အလှမောင်း၊ အကျော့မောင်း အလွတ်တန်းမောင်းပြိုင်ပွဲနှင့် ဒုန်းမောင်းပြိုင်ပွဲ ဟူ၍ လေးမျိုးကျင်းပခဲ့ပြီး ပထမဆု လေးသိန်း၊ ဒုတိယဆုသုံးသိန်း နှင့် တတိယဆု နှစ်သိန်း ချီးမြှင့်ခဲ့ကြောင်း ၄င်းက ပြောသည်။

“ပျဉ်းမနားမြို့နယ်၊ ကျီးအင်းကျေးရွာတွင် ဒုတိယအကြိမ်မြောက် နွားပြိုင်ပွဲမှာ ပျော်ဘွယ်၊ သာစည်၊ နတ်မောက်၊ ဖြူးကညွှတ်ကွင်း၊ ရေနီ၊ သာဝတ္ထိနှင့် ပျဉ်းမနားမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ နွားချင်း ပေါင်း ရ၃ ချင်း လာရောက်ယှဉ်ပြိုင်ခဲ့ပြီး အကျော့မောင်းက အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ ဒုန်းမောင်းပြိုင်ပွဲ လေးဘာသာပေါ့ ပထမဆု လေးသိန်း၊ ဒုတိယဆုသုံးသိန်း၊ တတိယဆုနှစ်သိန်း၊ ဆုက အကြီးတန်းမှာ သုံးဆု ပထမ၊ ဒုတိယ ၊တတိယ ၊ အလတ်လည်းတူတူပဲ၊။အငယ်လည်းတူတူပဲ။ ဒုန်းမောင်းပြိုင်ပွဲမှာတော့ ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု ။ သူက ပတ်လည်မောင်းရတဲ့အတွက် နောက်ဆုံးလေးချင်းကျန်ခဲ့တာ။ လေးချင်းကျန်ခဲ့တဲ့အတွက် အဲ့တစ်ချင်းကို ဒီတိုင်းအလွတ် ထွက်ခိုင်းရမှာ အားနာလို့ နှစ်သိမ့်ဆု အနေနဲ့ပေးတာပါ။ ပြိုင်ပွဲလေးခုမှာ ၁၃ ဆု ပေးရတယ်။ အလှမောင်း အကျော့မောင်း အလွတ်တန်းမောင်းနှင့် ဒုန်းမောင်း လေးခု” ဟု ကိုကျော်ဇင်ဝင်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly