ဆရာတော်ဦးဝီရသူကို တရားစွဲမည်ဆိုလျှင် သာသနာရေးဦးစီးဌာနက သီးခြားမှတ်ချက် ထုတ်ပေးမည်ဟုဆို

ဆရာတော်ဦးဝီရသူကို တရားစွဲမည်ဆိုလျှင် သာသနာရေးဦးစီးဌာနက သီးခြားမှတ်ချက် ထုတ်ပေးမည်ဟုဆို

ရန်ကုန်၊ ဧပြီ ၁ ။             ။ အငြင်းပွားဖွယ်ရာဟောကြားချက်များနှင့်ပတ်သက်ပြီး ဆရာတော်ဦးဝီရသူကို တရားစွဲမည်ဆိုလျှင် သာသနာရေးဦးစီးဌာနက သီးခြားမှတ်ချက် ထုတ်ပေးမည်ဟု အသိပေးထားကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ယက်ရုံး MJIတွင် ယနေ့ ဧပြီ ၁ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အမှုတွေနဲ့ပတ်သက်ပြီး သာသနာရေးဦးစီးဌာနအနေနဲ့ မှတ်ချက်ပေးနိုင်မယ်။ နောက်တစ်ချက်က ကျနော်က တရားပြန်စွဲမယ်ဆိုရင်လည်းပဲ ဦးဝီရသူရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့ သာသနာရေးဦးစီးဌာနက သီးခြားမှတ်ချက်တစ်ခုထပ်ပေးမယ်လို့ ပြောထားပါတယ်”ဟု ကိုဆွေဝင်းကပြောသည်။

ဦးဝီရသူကို တရားစွဲမည်ဆိုလျှင် မည်သူကစွဲစွဲ သာသနာရေးဦးစီးဌာနက သီးခြားမှတ်ချက် ထုပ်ပေးမည်ဟုသိရကြောင်းလည်း ကိုဆွေဝင်းကပြောသည်။

ဦးဝီရသူနဲ့ပတ်သက်သည့် မည်ကဲ့သို့သော မှတ်ချက်ပေးမည်ဆိုသည်ကိုမူ မသိရသေးပေ။ ဦးဝီရသူနှင့်ပတ်သက်ပြီး တိုင်ကြားတာမျိုးရှိသော်လည်း တရားစွဲသည့်အဆင့်အထိ မသွားခဲ့ကြောင်း ကိုဆွေဝင်းကယနေ့ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required