မုံရွာမြို့နယ် တစ်ခုလုံး မဲရုံပေါင်း ၁၅၉ရုံရှိ

၂၀၁၇ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီလ ၁ ရက်တွင်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာ၊ မဲရုံအမှတ်(၁)၊ မုံရွေးကျေးရွာ၊ မဲရုံအမှတ်(၁)နှင့်တောပုကျေးရွာ၊ မဲရုံအမှတ်(၁)တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မုံရွာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွှန်မောင်က မွန်လွဲ ၃ နာရီက လိုက်လံကြည့်ရှု့ခဲ့သည်။

မုံရွာမြို့နယ်တွင် ရပ်ကွက်ပေါင်း(၃၁)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၅၄)အုပ်စု၊ ကျေးရွာပေါင်း (၁၇၁)ရွာ ရှိပြီး မဲရုံပေါင်း(၁၅၉)ရုံ ဖွင့်လှစ်ထားရှိကြောင်းသိရသည်။

မုံရွာမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ တို့မှ ကိုယ်စားလှယ် ၅ ဦး ဝင်ရောက်အရွေးချယ်ခံခဲ့ကြပြီ လတ်တလောမုံရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မုံရွာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလောင်းမှာ ရေပန်းစားလျက်ရှိသည်။

လက်ရှိတွင် မဲရုံများ ပိတ်သွားပြီဖြစ်သောကြောင့် မကြာခင် မဲများရေတွက်ကာ မဲစာရင်းအဖြေသိရှိရတော့မည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly