လွယ်လွယ်ကူကူ ၀က်နံရုုိး မျှစ်ချဉ်ဟင်း ချက်ရအောင်

လွယ်လွယ်ကူကူ ၀က်နံရုုိး မျှစ်ချဉ်ဟင်း ချက်ရအောင်

မင်္ဂလာပါ…………….။

ဒီတစ်ပတ်တော့  ပိတ်ရက်မှာ ကုန်ကျစရိတ် နည်းနည်းနဲ့ ထမင်းမြိန်မယ့် ဟင်းတစ်ခွက် ချက်ရအောင်။ ပါ၀င်ပစ္စည်းအမယ်လည်း မများ ၊ ချက်ရတာလည်း လွယ်ကူလှတဲ့ ၀က်နံရိုးမျှစ်ချဉ်ဟင်းပါ။

အခု ဟင်းချက်ဖို့ လိုအပ်တာတွေ ပြင်ဆင်ကြရအောင်။

လိုအပ်တာတွေကတော့

မျှစ်ချဉ်ဖူးနုနု       ၂၅သား

၀က်နံရိုးနု           ၂၅သား ( အတုံးသေးသေးတုံးဆားဆနွင်း နယ်ထားပါ)

ကြက်သွန်ဖြူ နီ    အနည်းငယ်

ငရုတ်အပုမှုန့်      အနည်းငယ်

ငံပြာရည်            အနည်းငယ်  

ကိုင်းခရမ်းချဉ်သီး အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ဟင်းချက်ဖို့ စုံပြီဆိုရင် ငရုတ်အပုမှုန့်ရယ် ကြက်သွန်အဖြူ၊ အနီရယ်ကို ညက်အောင်ထောင်းထားပါ။ မျှစ်ချဉ်ကို ရေ ၃ ထပ်ဆေးပြီး အိုးထဲထည့်ပါ။ နံရိုးထည့်ပါ။ ငံပြာရည် ထည့်ပါ။ ခရမ်းချဉ်သီး ညှပ်ထည့်ပါ ။ အကုန်စုံရင် လက်အိပ်စွပ်ပြီး သမအောင် နယ်ပါ။ရေ အသား မြှုပ်ရုံ ထည့်ပါ ၊ ဆီ အနည်းငယ်ထည့်ပါ။  ပြီးရင်တော့ မီးအေးအေးနဲ့ ချက်ပါ။

ဟင်းအိုးတည်နေတုန်း  အိုးမကပ်အောင် ဂရုစိုက် မွှေပေးပါ။ ရေခမ်းဆီပြန်ပြီး ၀က်သားနူးရင်တော့ ၀က်နံရိုးမျှစ်ချဉ်ဟင်းရည် ရပါပြီ.။

၀က်နံရိုးနုနုလေးနဲ့ မျှစ်ချဉ်အဖူးနုနုလေးကို ရောချက်ထားတဲ့ အရသာ ပြည့်ဝတဲ့ ဟင်းလေးရပါပြီ။ ကုန်ကျစရိတ်လည်း သိပ်မများပေမယ့် မိသားစုများများစားလို့ ရမယ့် ဟင်းတစ်မယ်ပါ။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required