အကြိမ်ပေါင်းလေးငါးဆယ်လောက် ထီပေါက်ဖူးတယ်ဆိုတဲ့ သိန်းတစ်သောင်းဆုရှင်နဲ့ အင်တာဗျူး

အကြိမ်ပေါင်းလေးငါးဆယ်လောက် ထီပေါက်ဖူးတယ်ဆိုတဲ့ သိန်းတစ်သောင်းဆုရှင်နဲ့ အင်တာဗျူး
 

မေး ။   ။ ဦးစံရွှေခိုင်လား ခင်ဗျ

 ဖြေ ။      ။ ဟုတ်ကဲ့ပါဗျ

မေး ။        ။ မဇ္ဈိမ​ သတင်းဌာနက ပါ ခင်ဗျ။

ဖြေ ။      ။ ဟုတ်ကဲ့အကို

မေး ။     ။ သိန်းတစ်သောင်း ဆုရှင်ကြီးလား ခင်ဗျ

ဖြေ ။      ။ ဟုတ်ကဲ့ပါဗျ

မေး ။   ။ သိန်းတစ်သောင်းပေါက်တယ်ဆိုတာ ဘယ်အချိန်သိလဲခင်ဗျ

ဖြေ ။        ။ စောစောက သိပါတယ်။ ခုလေးပဲ။

မေး ။   ။ ဟုတ်ကဲ့ ခံစားရတဲ့ ပျော်ရွှင်မှုလေး ပြောပြပေးပါခင်ဗျ။ ရုတ်တရက်

ဖြေ ။      ။ ခုလောလောဆယ် ခံစားရတာတော့ ပျော်တာပေါ့။ အလွန်အကျွံကြီးတော့ မဟုတ်ပါဘူး။ ပျော်တာတော့ တအားပျော်ပါတယ်။

မေး ။   ။ ဦးစံရွှေခိုင်ရဲ့ မိသားစု အခြေအနေလေး ပြောပြပေးပါခင်ဗျ။

ဖြေ ။       ။ ကျွန်တော်တို့ မိသားစုက အေးအေးဆေးဆေးပါပဲ။ ကျွန်တော်တို့က မြို့သစ်မှာ အိမ်ဆောက်ပစ္စည်း ရောင်းပါတယ်ခင်ဗျ။

မေး ။   ။ သိန်းတစ်သောင်း ပေါက်တဲ့အချိန်မှာ ဘာတွေလုပ်ဖို့ စဉ်းစားထားလဲခင်ဗျ။ ထွေထွေထူးထူး

ဖြေ ။       ။ အဲဒါတော့ ခုချိန်ထိ မရေမရာသေးဘူး ခင်ဗျ။

မေး ။   ။ သိန်းတစ်သောင်း ဆုပေါက်တဲ့အတွက် ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားလဲခင်ဗျ။ ထူးထူးခြားခြား

ဖြေ ။      ။ အပြောင်းအလဲကတော့ဗျာ ခုလက်ရှိလည်း ကျွန်တော်တို့က စီးပွားရေးလုပ်ငန်း အကြီးကြီး လုပ်နေတာပဲ။ ကိုယ့်လုပ်ငန်းကိုယ် တိုးချဲ့ဖို့ပဲ။ ဒီထက်တော့ ပိုမရှိပါဘူး။

မေး ။   ။ သိန်းတစ်သောင်းဆု ပေါက်တာနဲ့ ပတ်သက်ပြီး ဆုငွေနဲ့ ဘယ်လိုမျိုး ပရဟိတ၊ ကုသိုလ်ရေးတွေ လုပ်ဖို့ စိတ်ကူးထားတာ ရှိလဲခင်ဗျ။

ဖြေ ။       ။ အဲဒါကတော့ဗျာ ထုတ်ပြီးမှ လုပ်ဖို့ အစီအစဉ်လေးဘာလေး လုပ်ရမယ်။ ခုချိန်မှာတော့ ဒါ ပြောဖို့ သိပ်အဆင်မပြေသေးဗျ။

မေး ။   ။ သိန်းတစ်သောင်းဆု ပေါက်မှ ထီထိုးတာလား အရင်ကတည်းက ပုံမှန်ထိုးတာလား။

ဖြေ။     ။ ကျွန်တော်ကတော့ ခဏခဏ ထိုးနေတာပဲ တစ်သိန်းဆုတို့ နှစ်သိန်းဆုတို့ ကျွန်တော် အခါပေါင်း အများကြီးပေါက်တယ်။

မေး ။   ။ ဟုတ်လား။ ဘယ်နှခါလောက် ပေါက်ဖူးလဲဗျ။

ဖြေ ။      ။ အခါ သုံးလေးငါးဆယ်လောက် ပေါက်ဖူးတယ်။

မေး ။   ။ ဦးစံရွှေခိုင် အသက် ဘယ်လောက်ရှိပြီလဲခင်ဗျ။

ဖြေ ။      ။ ကျွန်တော် အသက် ၅၈ နှစ်ရှိနေပါပြီ။

မေး ။   ။ အော် ၅၈ နှစ်အတွင်း ဘယ်နှကြိမ်လောက် ပေါက်ဖူးလဲ။

ဖြေ ။      ။ ကျွန်တော် အခါ လေးငါးဆယ်လောက် ပေါက်ဖူးတယ်ခင်ဗျ။ ကျွန်တော် ခဏခဏ ပေါက်နေတာပဲ။ ဆုကြီးတော့ မပေါက်ဖူးဘူးပေါ့.။

မေး။        ။ ထီခဏခဏပေါက်တာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ယုံကြည်မှုမျိုးရှိလဲ ခင်ဗျ။

ဖြေ ။       ။ ကျွန်တော်တို့ကတော့ ထီထိုးတာကတော့ ဝါသနာလည်း ပါတယ်ဗျာ။ ထီဆိုတာတော့  မျှော်လင့်ချက်အနေနဲ့ ထိုးတာပေါ့ဗျာ နော

မေး ။   ။ ကုသိုလ်ရေးတွေ လုပ်တာနဲ့ ဆိုင်တယ်လို့ ခံစားရလား ခင်ဗျ။

ဖြေ ။      ။ ဟုတ်တယ်ဗျ။ ကုသိုလ်ကောင်းမှုနဲ့လည်း အများကြီး ဆိုင်တာပေါ့။ ကျွန်တော်တို့က ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်နေတာကိုး။

မေး ။   ။ ဟုတ်ကဲ အဲဒါလေး သေချာပြောပြပေးပါဦး ခင်ဗျ။

ဖြေ ။      ။ ကျွန်တော်တို့ကတော့ ဗုဒ္ဒဘာသာဖြစ်တဲ့ အလျောက် ကုသိုလ်ကောင်းမှုကိုတော့  ခဏခဏ နေ့စဉ်တိုင်း  လုပ်နေတာပဲ။

မေး ။   ။ ကံ ကံရဲ့အကျိုးလို့ ဆိုလိုတာပေါ့ခင်ဗျ

ဖြေ ။       ။ ဟုတ်တာပေါ့ ဟုတ်တာပေါ့။

မိသားစု  ဘယ်နှယောက်ရှိလဲခင်ဗျ

ဖြေ ။      ။ မိသားစု ကျွန်တော့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်ဗျ။

မေး။      ။ ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ခင်ဗျ ကို စံရွှေခိုင် ကျွန်တော်တို့ မဇ္ဈိမက  ဝမ်းသာပါတယ်ခင်ဗျ။ 

ဖြေ ။      ။ ဟုတ်ကဲ့ပါဗျ။ ဟုတ်ကဲ့ပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required