ရုပ်ရှင်ရုံထဲမှာ စိတ်အနှောက်အယှက်ပေးတတ်တာ ဘယ်သူတွေလဲ

ရုပ်ရှင်ရုံထဲမှာ စိတ်အနှောက်အယှက်ပေးတတ်တာ ဘယ်သူတွေလဲ

ဟိုင်း ကျွန်မဝေဝေပါ။ သူငယ်ချင်းတို့တွေ ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်ဖူးကြမယ်ထင်ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ ပတ်ဝန်းကျင်ကနေ ကိုယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပုံစံမျိုးတွေက ဘယ်လိုရှိမလဲဆိုတာကို ကျွန်မသူငယ်ချင်းတွေဆီကို အခုပဲ လိုက်မေးကြည့်ပါ့မယ်။

 

 

 

ဟာသကား မဟုတ်ဘဲနဲ့ ဘေးနားကနေ အကျယ်ကြီး ထရယ်တာတို့၊ အဲ့ဒီလိုမျိုးဆိုရင်တော့ အနှောင့်အယှက်ဖြစ်စေတယ်။ ဥပမာပေါ့ ညီမကြံုခဲ့တာပေါ့နော် ။ ညီမရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တော့ “ချစ်လှစွာသောအမုန်း” သွားကြည့်တော့ သူက အရမ်းဒရာမာကား၊ ကိုယ်က ငိုချင်နေတဲ့အချိန်မှာ သူက ဘေးနားကနေ ဟာသကားမဟုတ်ဘဲနဲ့ အကျယ်ကြီးရယ်လိုက်တဲ့အချိန်မှာ ကိုယ်က အရမ်းစိတ်အနှောက်အယှက် ဖြစ်သွားတယ် ။ ကိုယ်ခံစားနေတဲ့ အချိန်မှာ ဇာတ်ကောင်ကို ၀င်ပြီး ကိုယ်ခံစားနေတဲ့အချိန်မှာ သူက ထ၊ ထရယ်တာပေါ့နော် ။ အဲ့ဒီလိုမျိုးက တော်တော်လေးကို စိတ်အနှောက်အယှက်ဖြစ်စေတယ်။

 

Toilet ခဏ၊ ခဏထသွားတာတို့ ၊ ကိုယ့်ရှေ့ကနေ ဖြတ် ဖြတ်ပြီး Toilet ခဏ ခဏထသွားတာတွေ ။ ဘေးနားကနေ အကျယ်ကြီးအော်ဟစ်တာတွေဘာတွေ၊ စိတ်အနှောက်အယှက်ဖြစ်တယ်။

 

 

 

စိတ်အနှောက်အယှက်ဖြစ်စေမယ့်ပုံစံက ဟာသအခန်းတွေရောက်လို့ရှိရင်ပေါ့နော်။ အရမ်း ထ ထပြီး အကျယ်ကြီး ထ ထရယ်လို့ရှိရင ်စိတ်အနှောက်အယှက်ဖြစ်ပါတယ်ရှင့်။

 

 

 

ညီမအတွက်ကတော့ ညီမတို့ ရုပ်ရှင်ကြည့်နေတဲ့အချိန်မှာပေါ့နော် ။ အရှေ့ကတစ်ယောက်ယောက်ဖြတ်သွား တာမျိုး ။ စျာန်ဝင်နေတဲ့အချိန်မှာပေါ့နော်။ အသံစူးစူးနဲ့အော်လိုက်တာမျိုး ဆိုရင်တော့ အနှောက်အယှက် ဖြစ်စေပါတယ်ရှင့်။

 

 

 

အန်တီကြီးတွေပေါ့ ။ များသောအားဖြင့်တော့ သူတို့ကလေးတွေခေါ်လာပြီးတော့ဘေးနားကနေပြီးတော့ ဒီရုပ်ရှင်ကားရဲ့ဇာတ်ကြောင်းကို အကျယ်ကြီး ပြောပြတာပေါ့ ။ အဲ့ဒါမျိုးတွေကတော့ စိတ်အနှောက်အယှက် ဖြစ်တယ်ဗျ။

 

 

 

ဖုန်းအကျယ်ကြီး ထပြီးမြည်တဲ့အခါတွေဘာတွေကြရင်ပေါ့နော်။ အဲ့လိုမျိုးတွေကြရင်တော့ နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်ရှင့်။

 

 

 

 

ဘယ်လိုဖြစ်စေလဲဆိုတော့ ကြံုတွေ့ခဲ့ရတာပေါ့နော် ။ ဟာသကားတော့ ဟာသကားပဲ ။ ဒါပေမယ့် တကယ့်ဟာသ ရောက်တဲ့အချိန်မှာ ရယ်ပြီးသွားရင် ပြီးသွားပြီ ။ အဲဒါကို မဟုတ်ဘူး ။ အဲ့ဒီလိုရယ်နေတာကို လုံးဝမရပ်နိုင်ဘဲ အတောမသတ်နိုင်ဘူး။ အတောမသတ်နိုင်တော့ သူ့ဘက်က ရယ်သံက ကိုယ်တွေ အားလုံးအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်ပေါ့နော် ။ အဲဒါကတော့ကြံုတွေ့ခဲ့ရတာလေးပါ ။

 

 

 

ကိုယ့်ဘေးနားမှာပေါ့နော် ။ ကိုယ်ကြည့်နေတဲ့ဘေးနားမှာပေါ့။ အဲ့ဒီလိုမျိုး အဲ့ဒီလိုစကားများနေတာတို့ပေါ့နော်။ အဲ့လိုဟာသကားတွေဆိုလည်း အရမ်းကြီးရယ်တာပေါ့နော် ။ အဲ့ဒီဟာသကားက ရပ်သွားတာတောင်မှ သူတို့အချင်းအချင်း ပြန်ပြီးတော့ တစ်ခါထပ်ရယ်တာမျိုးတွေပေါ့နော် ။ အဲ့ဒီလိုမျိုးတွေ အနှောင့်အယှက်ဖြစ်တယ်ပေါ့ ။

 

 

 

ကဲ ဒါကတော့ ရုပ်ရှင်ရုံထဲမှာ  ရုပ်ရှင်ကြည့်တဲ့အခါ ဘယ်လိုအပြုအမှုမျိုးတွေက သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေသလဲဆိုတာကို အခုလိုပဲ ပြောပြခဲ့ကြတာပါ။ ယိုပီ သူငယ်ချင်းတို့ကလည်း ဘယ်လိုပုံစံမျိုးတွေက ရုပ်ရှင်ကြည့်တဲ့အခါ ကိုယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေတာလဲ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required