ဟက်ဇက်နှင့်ကော့တွိုက်စ်တို့ ချယ်လ်ဆီးအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းပြီ

ဟက်ဇက်နှင့်ကော့တွိုက်စ်တို့ ချယ်လ်ဆီးအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းပြီ

မတ် ၃၁၊ အင်္ဂလန် ။           ။ ဒဏ်ရာရရှိနေသည့် ချယ်လ်ဆီးအသင်း၏အဓိက ကစားသမားများဖြစ်သော တိုက်စစ်မှူးဟက်ဇက်နှင့် ဂိုးသမားကော့တွိုက်စ်တို့မှာ လေ့ကျင့်ခန်းပြန်ဆင်းနေကြပြီ ဖြစ်သည်။

ဟက်ဇက်သည် ခြေသလုံးဒဏ်ရာကြောင့် စတုခ်စီးတီး ၁-၂ ချယ်လ်ဆီးပွဲစဉ်ကို လွဲချော်ခဲ့ရသလို ဘယ်လ်ဂျီယံအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့်ခြေစမ်းပွဲများကိုလည်း လွဲချော်ခဲ့သည်။

ဂိုးသမားကော့တွိုက်စ်မှာမူ ဘယ်လ်ဂျီယံအသင်းတွင် ရွေးချယ်ခံခဲ့ရပြီး ဂရိနှင့်ပွဲစဉ်တွင် ၀င်ရောက်ကစားခဲ့သေးသော်လည်း ထိုပွဲတွင် တင်ပါးဒဏ်ရာရရှိခဲ့သောကြောင့် ရုရှနှင့်ခြေစမ်းပွဲစဉ်ကို လွဲချော်ခဲ့ရသည်။

ဟက်ဇက်နှင့်ကော့တွိုက်စ်တို့မှာ ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် အဓိကခြေစွမ်းပြနေသူများဖြစ်သည့်အတွက် ၎င်းတို့ပြန်လည်လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမှာ နည်းပြကွန်တီအတွက် အားတက်စရာဖြစ်ခဲ့ရသည်။

ထို့ကြောင့် ဟက်ဇက်နှင့်ကော့တွိုက်စ်တို့မှာ ယခုတစ်ပတ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ကစားရမည့် လန်ဒန်ဒါဘီပွဲစဉ်တွင် ပါ၀င်နိုင်ဖွယ်ရှိနေသည်။

ရည်ညွှန်း ချယ်လ်ဆီးဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags