ပုသိမ်သံချပ် စာသားကြိုတင်ရန်မလိုဘဲ ကိုယ့်တာဝန်ကိုယ်ယူရမည်

ပုသိမ်သံချပ် စာသားကြိုတင်ရန်မလိုဘဲ ကိုယ့်တာဝန်ကိုယ်ယူရမည်

ပုသိမ်၊ မတ် ၃၁ ။        ။ ပုသိမ်မြို့၊သင်္ကြန်သံချပ်အဖွဲ့ စာသားများ ကြိုတင်တောင်းတာမျိုးမလုပ်ဘဲ သံချပ်အဖွဲ့တွေမှ တာဝန်ယူရမည်ဟု စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

သံချပ်စာသားများအား ကန့်သတ်မထားဘဲ  ၀န်ကြီးဌာနအနေဖြင့် စိစစ်မည်မဟုတ်ကြောင်း  သိရသည်။

"ကျွန်တော်တို့ အများကြီးကန့်သတ်မထားပါဘူး။ ကြိုတင်ပြီး စာသားတွေပေးရမယ်လို့ တောင်းမထားပါဘူး။ သတ်မှတ်ချက်က ယဉ်ကျေးစွာဖွဲ့နွဲတယ် ။ သံချပ်တွေဖြစ်ရမယ် ။ ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်းတစ်ခုပေါ်မှာ တိုက်ခိုက်တဲ့စာသားမျိုး မဖြစ်စေချင်ဘူး။ ဘာသာနဲ့ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ သံချပ်မျိုး ဖြစ်စေချင်တယ် ။ အစိုးရ အကောင်အထည်ဖော်နေတဲ့မူဝါဒကို ဆန့်ကျင်ပြီး ရေးသားတဲ့ သံချပ်မျိုးသီချင်းမျိုး မဖြစ်စေချင်ဘူး။ သူတို့ တင်ဆက်တဲ့ သံချပ်တွေသီချင်းတွေက အဖွဲ့တွေက တာဝန်ယူရမယ်။ ကျွန်တော်တို့ မစိစစ်ပါဘူး”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က သံချပ်အဖွဲ့များနှင့်ပတ်သက်ပြီး ပြောသည်။

ထိုသို့ မကန့်သတ်ထားသော်လည်း သံချပ်အဖွဲ့များက ပြည်သူ့အခက်အခဲများကိုသာ သံချပ် လုပ်သည်ဟု ဆိုသည်။

 "ဒီနှစ်မှာ သံချပ်စာသားတွေကို ကြိုမပေးရဘူး ။ သံချပ်စာသားတွေကို သံချပ်အဖွဲ့တွေက တာဝန်ယူရမယ် ။ သံချပ်ဆိုတာ အစိုးရလုပ်ဆောင်မှုတွေ လိုအပ်ချက်တွေ ထောက်ပြပြီး အပြုသဘောပြောတာမျိုးတွေ ပြည်သူတွေအခက်အခဲလိုအပ်ချက်တွေကို သံချပ်လုပ်တာပါ ”ဟု ခွပ်ဒေါင်းပျိုသံချပ်အဖွဲ့က ဦးကျော်နန္ဒက မဇ္ဈိမသို့ ပြောသည်။

ပုသိမ်မြို့တွင် အလှပြယာဉ်နှင့် သံချပ်အဖွဲ့ ၉ ဖွဲ့က သင်္ကြန်ကာလတွင် ဖျော်ဖြေတင်မည်ဖြစ်ပြီး သံချပ်အဖွဲ့များ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်။

ပုသိမ်မြို့တွင် မဏ္ဍပ်အကြီး ရ ခု ၊ အသေး ၅ ခု ရှိပြီး ဌာနဆိုင်ရာမဏ္ဍပ်များ၊ ရပ်ကွက် မဏ္ဍပ်များ ဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအား သင်္ကြန် အတွက် ကျပ် သိန်း ၅၀၀ သုံးစွဲခွင့်ပြုထား

သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required