ပါ၀ါရိန်းဂျားဇာတ်လမ်းများ၏ သရုပ်ဆောင်ဟောင်းဖြစ်သူအား ဓားထိုးမှုအတွက် ထောင်ဒဏ်ချမှတ်

ပါ၀ါရိန်းဂျားဇာတ်လမ်းများ၏ သရုပ်ဆောင်ဟောင်းဖြစ်သူအား ဓားထိုးမှုအတွက် ထောင်ဒဏ်ချမှတ်

ကလေးကြိုက် ပါ၀ါရိန်းဂျားရုပ်သံဇာတ်လမ်းများ၌ ပါ၀င်သရုပ်ဆောင်၍ လူသိများခဲ့သော မင်းသားတစ်ဦးသည် သူ၏အခန်းဖော်အား အငြင်းပွားမှုတစ်ခု၌ ဓားဖြင့်ထိုးခဲ့ကြောင်း ၀န်ခံခဲ့တာကြောင့် ပြီးခဲ့သော ကြာသာပတေး နေ့တွင် သူ့အား ကယ်လီဖိုးနီယားပြည်နယ်ထောင်၌ ၆ နှစ်ခန့် ထောင်ဒဏ်ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အသက် ၃၈နှစ်အရွယ်ရှိ ရီကာဒိုမက်ဒီနာသည် ဂျို့ရှ်ဆက်တာဆိုသောသူအား သမီးရည်းစားကိစ္စအချင်းများ၍ လော့စ်အိန်ဂျယ်လိစ်မြောက်ပိုင်းရှိ ပယ်လ်ဒါလီတိုက်ခန်းတွင် ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောခဲ့သည်။

ထိုသို့အခင်းဖြစ်ပွားခဲ့ပြီးနောက်တွင် မက်ဒီနာသည် ၉၁၁အား ဖုန်းခေါ်ဆိုခဲ့ပြီး နယ်ထိန်းများရောက်လာသည့် အချိန်ထိ အခင်းဖြစ်ရာ၌ ငြိမ်သက်စွာရှိနေခဲ့သည်။

မက်ဒီနာအား ဆက်တာသေဆုံးချိန်တွင် ဖမ်းဆီးထားခဲ့သော်လည်း အစိုးရရှေ့နေများက ထိုအမှုကိစ္စအား အသေးစိတ် ဆက်လက်စုံစမ်းမည်ဖြစ်သောကြောင့် ရက်ပိုင်းအတွင်း သူ့အားလွှတ်ပေးခဲ့သည်။

မက်ဒီနာသည် ကလေးများကြိုက်နှစ်သက်၍ နာမည်ကျော်သော Power Rangers Wild Force ရုပ်သံ ဇာတ်လမ်းတွဲ၌ ပါ၀ါရိန်းဂျားအနီရောင်အဖြစ် သရုပ်ဆောင်ခဲ့သည်။ ဒါ့အပြင်သူသည် နာမည်ကြီး ရုပ်သံ ဇာတ်လမ်းတွဲများ ဖြစ်ကြသော CSI:Miami နှင့် ER တို့တွင်လည်း ပါ၀င်သရုပ်ဆောင်ခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly