အမျိုးသမီးလိဂ် ၀င်ပြိုင်ရန် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ဖွဲ့စည်းမည်

အမျိုးသမီးလိဂ် ၀င်ပြိုင်ရန် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ဖွဲ့စည်းမည်

ဇူလိုင် ၂၉၊ ရန်ကုန်။      ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက်ကလပ်အသင်းမှ အမျိုးသမီးအသင်း ဖွဲ့စည်းရန် ပြင်ဆင်ထားသည် ဟု အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ရန်ကုန်ယူနိုက်တက်ကလပ်အသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲနှင့် လူငယ်လိဂ်ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး လူငယ်ကစားသမားများအတွက် ဘောလုံးသင်တန်းကျောင်းများ လည်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

“ ပြီးခဲ့တဲ့ တစ်ခေါက် ဦးဇော်ဇော်နဲ့ ကျွန်တော်တို့ အသင်းပိုင်ရှင်နဲ့ တွေ့တဲ့အခါမှာ အမျိုးသမီးလိဂ် စဖို့ ဆွေးနွေးခဲ့သလို ရန်ကုန်အသင်းအနေနဲ့လည်း ပါဝင်ယှဉ်ပြိုင်ဖို့ ပြောခဲ့ပါတယ်။ အသင်းပိုင်ရှင်က တဆင့် ကျွန်တော်တို့ကို ညွှန်ကြားလို့ ခုလိုမျိုး အသင်းဖွဲ့ဖို့ စီစဉ်ဖြစ်တာပါ။ သိတာမကြာသေးတော့ လောလောဆယ် အားလုံးဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ရဦးမှာပါ။ အမျိုးသမီးဘောလုံး အားကစား သမားတွေ ရှာပြီးတော့ အသင်းကို အကောင်းဆုံးဖြစ်အောင် တည်ထောင်သွားမှာပါ ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂၀၁၅ ဒီဇင်ဘာလတွင် စတင်ကျင်းပရန် စီစဉ်ထားပြီး ဆီးမီးပရိုအဆင့်မှ စတင်ကာ နေရှင်နယ်လိဂ် ကလပ်အသင်းများနှင့် ဝန်ကြီးဌာနအသင်းများမှ ပါဝင်မည် ဖြစ်ပြီး အသင်းပေါင်း ခြောက်သင်း မှ ရှစ်သင်းထိ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required