မန္တလေးမြို့တွင် ဆိုင်ကယ်သမားသေနတ်မှန် သေဆုံးမှု CID စစ်ဆေးနေ

မန္တလေးမြို့တွင် ဆိုင်ကယ်သမားသေနတ်မှန် သေဆုံးမှု CID စစ်ဆေးနေ

မန္တလေး၊မတ် ၃၀ ။            ။ မန္တလေးမြို့တွင် မတ်လ ၂၂ ရက်က ဆိုင်ကယ် အငှားလိုက်သူတစ်ဦး နဖူးတွင် သေနတ်မှန် သေဆုံးမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးဖော်ထုတ်ရန် CIDသို့ လွှဲပြောင်းပေးထားသည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းအောင်က မဇ္ဈိမကို ပြောသည်။

"သေနတ်ပစ်မှုလို့တော့ ပြောလို့မရသေးပါဘူး။ CIDကတော့ စီစစ်တုန်းပဲရှိပါတယ်။ CID ဆိုတာကတော့ အဆင့်ဆင့် အချိန်ယူပြီးလုပ်မှာပေါ့။ မှုခင်းတစ်ခုဖြစ်တယ်ဆိုတော့ အဆင့်ဆင့် ဖော်ထုတ်တာပေါ့"ဟု ဗိုလ်မှူးကြီးမျိုးမင်းအောင်က ပြောသည်။

လက်ရှိတွင် ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ (ပ)၂၀၇/၂၀၁၇၊ ပုဒ်မ ၃၀၂ အမှုဖွင့်ထားပြီး ဥပဒေအကြံပြုချက်များအရ ပုဒ်မအပြောင်းအလဲလည်း ရှိလာနိုင်သည်ဟု ဗိုလ်မှူးကြီး မျိုးမင်းအောင်က ဆိုသည်။

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊၇၁လမ်းနှင့်ရ၂လမ်းကြား၊ကျန်စစ်သားလမ်းတွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် ဆိုင်ကယ်နှင့်အတူ လဲကျသေဆုံးနေခြင်းကို ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှ (ပ)၂၀၇/၂၀၁၇၊ ပုဒ်မ ၃၀၂ အမှုဖွင့် စစ်ဆေးနေရာမှ CIDသို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required