အသက် ၅၁ နှစ်အထက် အိမ်ထောင်ရှင် MRS. MYANMAR 2017 ပြိုင်ပွဲတွင် ဆုရှင် မတူး

အသက် ၅၁ နှစ်အထက် အိမ်ထောင်ရှင် MRS. MYANMAR 2017 ပြိုင်ပွဲတွင် ဆုရှင် မတူး

ရန်ကုန်၊ မတ် ၂၉ ။            ။ Myanmar Convention Centre (MCC) တွင် မတ်လ ၂၈ရက်၌ ကျင်းပခဲ့သည့် Mrs Myanmar & Ms Myanmar 2017 ပြိုင်ပွဲ၏ အသက် ၅၁ နှစ်အထက် အိမ်ထောင်ရှင်
MRS. MYANMAR 2017 Winnerအဖြစ် သရုပ်ဆောင် မတူး ရွေးချယ်ခံခဲ့ရသည်။

ထိုပြိုင်ပွဲတွင် အသက် ၃၉နှစ်အောက် Single, Divorced/Separated နှင့် Single Mom အလှမယ် MS. MYANMAR 2017 Winner အဖြစ် Ms. မိုးမိုးမှ ရရှိခဲ့ပြီး၊ အသက်(၃၆)နှစ်မှ (၄၄)နှစ်ကြား အိမ်ထောင်ရှင်အလှမယ်အဖြစ် MRS. MYANMAR 2017 Winner Mrs. ဇင်ဝင်းသူ၊ အသက်(၅၀)နှစ်နှင့် အထက် အပျိုကြီး, Divorced/Separated နှင့် Single Mom အလှမယ် အဖြစ် Senior Classic MRS. MYANMAR 2017 Winner Mrs.တူးတူး၊ အသက်(၅၁)နှင့်အထက် အိမ်ထောင်ရှင်အလှမယ်အဖြစ် Senior Classic MRS. MYANMAR 2017 Winner Mrs. အေးအေးမွန်၊ အသက်(၄၅)နှစ်မှ (၅၀) နှစ်ကြား အိမ်ထောင်ရှင်အလှမယ် အဖြစ် Classic MRS. MYANMAR 2017 Winner Mrs. တင်တင်ယု၊ အသက်(၄၀) နှစ်မှ(၅၀)နှစ်ကြား အပျိုကြီး, Divorced/Separated နှင့် Single Mom အလှမယ် အဖြစ် Classic MS. MYANMAR 2017 Winner Ms. ခင်သန္တာထွန်း၊ ယုံကြည်မှုအပြည့် ကိုယ်ရည်ကိုယ်သွေး ဉာဏ်ရည်ဉာဏ်သွေး အရည်အချင်းအပြည့်နဲ့ Plus Size MS. MYANMAR 2017 Winner အဖြစ် Ms. ချိုချိုလှိုင်ကို
တို့မှ ရရှိခဲ့သည်။

Mrs Myanmar နှင့် Ms Myanmar 2017 အလှမယ်ရွေးချယ်ပွဲ အတွက် ပြိုင်ပွဲဝင်ခွင့်လျှောက်ထားသူ စုစုပေါင်း (၂၈၇၃)ဦးမှ အသင့်လျော်ဆုံး ဆန်ခါတင် (၄၀၀)ဦးခန့်ကို ရွေးချယ်ခဲ့သလို ထိပ်ဆုံးအဆင့်အဖြစ် လက်ရွေးစင် ၆၀ဦးခန့်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Mrs Myanmar နှင့် Ms Myanmar 2017 အလှမယ်ရွေးချယ်ပွဲကို အိမ်ထောင်ကျဖူးသူ (သို့မဟုတ်) လက်ရှိ အိမ်ထောင်ရှင် အမျိုးသမီးတိုင်း ပြိုင်ပွဲဝင်ဖို့ လျောက်ထားနိုင်ပြီး သားသမီးရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ ပြိုင်ပွဲဝင်နိုင်သလို အိမ်ထောင်မရှိသူများလည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly