မက်‌ဆီအား ၄ ပွဲပယ်‌ ပြစ်‌ဒဏ်‌ချမှတ်‌ခဲ့သည်‌ ဖီဖာကို အာဂျင်‌တီးနားနည်‌းပြ‌ဘောင်‌ဇာ အပြစ်‌တင်‌

မက်‌ဆီအား ၄ ပွဲပယ်‌ ပြစ်‌ဒဏ်‌ချမှတ်‌ခဲ့သည်‌ ဖီဖာကို အာဂျင်‌တီးနားနည်‌းပြ‌ဘောင်‌ဇာ အပြစ်‌တင်‌

အာဂျင်‌တီးနား၊ မတ်‌ ၂၉။             ။ အာဂျင်‌တီးနားအသင်‌းခေါင်းဆောင်‌မက်‌ဆီအား ၄ ပွဲပယ်‌ ပြစ်‌ဒဏ်‌ ချမှတ်‌ခဲ့သည်‌့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်‌(ဖီဖာ)ကို နည်‌းပြ‌ဘောင်‌ဇာ ပြစ်‌တင်‌‌ပြောဆိုလိုက်‌သည်‌။

ဖီဖာသည်‌ မက်‌ဆီအား ချီလီနှင်‌့ပွဲတွင်‌ စည်‌းကြပ်‌ဒိုင်‌ကို ဆဲဆိုခဲ့မှုဖြင်‌့ ၄ပွဲပယ်‌ ပြစ်‌ဒဏ်‌ ချမှတ်‌လိုက်ခြင်း ဖြစ်‌သည်‌။ ဖီဖာသည်‌ ယင်‌းပြစ်‌ဒဏ်‌ကို ဘိုလီးဗီးယားနှင်‌့ ပွဲမတိုင်‌မီ ၆ နာရီအလိုတွင်‌ ချမှတ်‌ခဲ့ခြင်း ဖြစ်‌သည်‌။ ထို့ကြောင့် ‌ဘောင်‌ဇာက ဖီဖာသည်‌ ပြစ်‌ဒဏ်‌ချမှတ်‌မှုမှာ အလွန်‌ထူးဆန်‌းကြောင်‌းနှင်‌့ ၎င်းတို့မှာ အယူခံဝင်‌ရန်‌ပင်‌ အချိန်‌မရခဲ့‌ကြောင်း ‌ပြောဆိုလိုက်‌သည်‌။

``ဖီဖာဟာ မက်‌ဆီကိစ္စကို တစ်‌ရက်‌တည်‌းအတွင်း ဆုံးဖြတ်‌ချက်‌ချလိုက်‌တာ သိပ်‌ကို ထူးဆန်‌းတယ်‌လို့ ထင်‌ပါတယ်‌။ ကျွန်‌‌တော်‌တို့မှာ ပြစ်‌ဒဏ်‌အတွက်‌ အယူခံဝင်‌ဖို့ အချိန်‌‌တောင်‌ မရခဲ့ပါဘူး။ ဒါမျိုးက မဖြစ်‌သင်‌့ပါဘူး။ ကျွန်‌‌တော်‌တို့ မက်‌ဆီပြစ်‌ဒဏ်‌ကို အယူခံဝင်‌သွားမှာပါ´´ဟု ‌ဘောင်‌ဇာက ဆိုသည်‌။

မက်‌ဆီမပါဝင်‌သည်‌့ အာဂျင်‌တီးနားသည်‌ ယ‌နေ့နံနက်‌က ကစားခဲ့သည်‌့ပွဲတွင်‌ ဘိုလီးဗီးယားကို ၂-၀ ဖြင့် ရှုံးနိမ်‌့ခဲ့သည်‌။

ရည်‌ညွှန်‌း - ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required