ရေစကြိုတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ရေစကြိုတွင် မုန်တိုင်းအန္တရာယ် ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ရေစကြို ၊ မတ် ၂၉ ။           ။ မုန်တိုင်းမကျရောက်မှီအချိန်နှင့် မုန်တိုင်းကျရောက်စဉ်ကာလတွင် မည်သို့ပြုမူနေထိုင်ရမည်ကို သိရှိစေရန်ရည်ရွယ်ပြီး မုန်တိုင်းအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ရွှေကျောင်းကျေးရွာတွင် မတ်လ ၂၉ရက်က ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့အနေနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အချိန်မှာ ပြည်သူတွေ အနေနဲ့ ဘယ်လို ကြိုတင်ပြင်ဆင်ရမလည်း၊ကြိုတင်ကာကွယ်ရမလည်းဆိုတဲ့ အသိပညာတွေ၊ မုန်တိုင်းကျရောက်နေစဉ်မှာ ဘယ်လိုပြုမူနေထိုင်ရမလဲ၊ မုန်တိုင်းပြီးသွားတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နားလည်သဘောပေါက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ယခုလိုဇာတ်တိုက်လေ့ကျင့်ခြင်း အစီအစဉ် ပြုလုပ်ခြင်းဖြစ်ပါတယ်"ဟု ပခုက္ကူခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးနေဝင်းက မဇ္ဈိမသို့ပြောသည်။

အဆိုပါ အစီအစဉ်အား ပခုက္ကူခရိုင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တပ်မတော် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်၊ ကြက်ခြေနီများနှင့် ဒေသခံပရဟိတ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းပြီး ဒေသခံ ရ၀၀ကျော် ပါဝင်ခဲ့သည်။

သသာဝဘေးအန္တရာယ်ဆိုတာ နေရာမရွှေး ဒေသမဖြစ်ဖြစ်ပွားနေတာပါ။ သဘာဝဘေးအန္တရာယ် ကျရောက်လာရင် ပြည်သူတွေအနေနဲ့ ဘယ်လိုတိမ်းရှောင်ရမလည်းဆိုတာ သိစေချင်တယ်။ ဒါကြောင့် ခုလို လာရောက်ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်"ဟု ရေစကြိုလူငယ်ကွန်ယက်မှ ညှိနှိုင်းရေးမှူး မသန်းသန်းဝင်းက ဆိုသည်။

ရေစကြိုမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ခုနှစ် အတွင်းက လေပြင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်၊ အဆောက်အအုံးများနှင့် စာသင်ကျောင်းအချို့ ပျက်ဆီးခဲ့မှုများ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required