အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနှင့် လူငယ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူး

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနှင့် လူငယ်တိုက်ကွမ်ဒိုပြိုင်ပွဲတွင် မြန်မာအသင်း ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူး
(ဓာတ်ပုံ - MOI)

မလေးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် မတ် ၂၁ ရက်မှ ၂၆ရက်အထိ လက်ခံကျင်းပခဲ့တဲ့ အာဆီယံ ချန်ပီယံရှစ်တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် လူငယ်တိုက်ကွမ်ဒိုပြိုင်ပွဲမှာ မြန်မာတိုက်ကွမ်ဒိုအဖွဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရှိ Feather Weight ပြိုင်ပွဲမှာ ဇော်ဇော်က ငွေတံဆိပ်ဆု၊ Bantam Weight ပြိုင်ပွဲမှာ အောင်ကျော်ကျော်က ကြေးတံဆိပ် Fly Weight ပြိုင်ပွဲမှာ ဒေစီဦးဂျူးလိယက်က ငွေတံဆိပ်နှင့် ဇော်လင်းထက်က ကြေးတံဆိပ်ကိုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

လူငယ်တိုက်ကွမ်ဒို အသက် (၁၂)နှစ်မှ (၁၄)နှစ် Heavy Weight ပြိုင်ပွဲမှာ သားညီက ရွှေတံဆိပ်၊ Light Weight ပြိုင်ပွဲမှာ ကောင်းခန့်ဇော်က ရွှေတံဆိပ်၊ Bantam Weight ပြိုင်ပွဲမှာ သိင်္ခမိုးသဲက ငွေတံဆိပ်၊ Fin Weight ပြိုင်ပွဲမှာ စစ်ဟိန်းနှင့် ခိုင်ဇာဇာသိမ့်တို့က ငွေတံဆိပ်၊ Light Weight ပြိုင်ပွဲမှာ ဟန်နီစိုးက ကြေးတံဆိပ်၊ Bantam Weight ပြိုင်ပွဲမှာ စုရည်နိုင်က ကြေးတံဆိပ်၊ Fly Weight ပြိုင်ပွဲမှာ မြတ်မင်းဟန်က ကြေးတံဆိပ်တို့ကို ရရှိခဲ့ပါတယ်။

လူငယ်တိုက်ကွမ်ဒို အသက် (၁၅)နှစ်မှ (၁၇)နှစ် Bantam Weight ပြိုင်ပွဲတွင် ဟန်ကိုကိုထွန်းက ငွေတံဆိပ်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ်။

မြန်မာတိုက်ကွမ်ဒိုအသင်းဟာ စုစုပေါင်း ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် ခြောက်ခု၊ ကြေးတံဆိပ် ငါးခု ရရှိခဲ့ကြောင်း သိရပါတယ်။

Source: MOI Webportal Myanmar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required