မိမိတို့၏ နိုင်ငံသားများကို အကာအကွယ်ပေးဖို့ ပြင်သစ်ကို တရုတ်တိုက်တွန်း

မိမိတို့၏ နိုင်ငံသားများကို အကာအကွယ်ပေးဖို့ ပြင်သစ်ကို တရုတ်တိုက်တွန်း

ပါရီ၊ မတ် ၂၈ ။             ။ ပြင်သစ်နိုင်ငံတွင်းမှာ ရှိနေသော တရုတ်နိုင်ငံသားများကို အကာအကွယ်ပေးဖို့ ပြင်သစ်ကို တရုတ်နိုင်ငံက မတ် ၂၈ ရက်တွင် တိုက်တွန်းလိုက်သည်။

ပြင်သစ်နိုင်ငံအတွင်း ကလေး လေးဦးဖခင် တရုတ်နိုင်ငံသား တစ်ဦး အသတ်ခံရပြီးနောက် ဆူပူဆန္ဒပြမှုများဖြစ်ကာ လူ ၃၅ ဦးအားလည်း ဖမ်းဆီးထားသည်။

မြို့တော်ပါရီရှိ ရဲစခန်းတစ်ခုတွင် မတ် ၂၇ ရက် နှောင်ပိုင်းက အာရှနွှယ်ဖွား ၁၅၀ ကျော်ထက်မနည်း စုရုံးဆန္ဒပြရာမှ ထိပ်တိုက်တွေ့မှုဖြစ်ပွားကြောင်း ရဲက ပြောသည်။

တရုတ်အမျိုးသားတစ်ဦးအား ပြင်သစ်ရဲတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရရာမှ ပဲရစ်မြို့တွင်းက အာရှလူမျိုးအသိုင်းအဝိုင်းက ဆန္ဒပြသကြရာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ယင်းဆန္ဒပြမှုအတွင်း လူပေါင်း ၃၅ဦးခန့်ကို ရဲများက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၂၆ ရက် ညပိုင်း၌ တရုတ်လူမျိုးတစ်ဦးကို ပြင်သစ်ရဲတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့မှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့ကို ဒေါသထွက်နေသော လူအုပ်ကြီးက ဆန့်ကျင်ဆန္ဒပြနေခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှလာသော သတင်းများအရ တရုတ်အမျိုးသားတစ်ဦးသည် အိမ်တွင်းရေး အငြင်းအခုံတစ်ခု ဖြစ်ပွားနေသောကြောင့် ရဲအရာရှိတစ်ဦးကို လာရောက်ဖြေရှင်းရန် ဖုန်းဆက်ခေါ်ခဲ့ကြောင်း သိရသည်။

ထိုတရုတ်အမျိုးသားသည် အိမ်တံခါးပွင့်သွားချိန်၌ ရဲအရာရှိကို ဓားဖြင့်တိုက်ခိုက်ခဲ့ကာ ဒဏ်ရာရရှိစေခဲ့ကြောင်း ရဲသတင်းများအရသိရသည်။ ထို့နောက်တွင် အဖော်ပါလာသော ရဲများက   သေနတ်ဖြင့်ပစ်ကာ ထိုတရုတ်အမျိုး သားကို ပစ်သတ်ခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် ပြင်သစ်နိုင်ငံနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေး ကတောက်ကဆအခြေအနေဖြစ်နေကာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက မိမိတို့၏ နိုင်ငံသားများကို ပြင်သစ်နိုင်ငံအနေဖြင့် အကာအကွယ်ပေးဖို့ တိုက်တွန်းကြောင်းကို ယင်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုတိုက်တွန်းလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required