သူဌေးဝါဒ ပြေလည်သွားပြီလို့ သားစိုးပြော

သူဌေးဝါဒ ပြေလည်သွားပြီလို့ သားစိုးပြော

မတ်လ ၂၈ ။              ။ နန်းတော်ရှေ့ဆရာတင်ရဲ့ သူဌေးဝါဒ သီချင်းနှင့် ပတ်သက်ပြီး သားစိုးက ပြေလည်သွားပြီလို့ သူ့လူမှုကွန်ယက်မှာ ဒီနေ့တင်ထားခဲ့ပါတယ်။

“အန်​တီနန်​းခင်​​အေးနှင်​့ ​တွေဆုံပြီး ဂီတအစည်​းအရုံးမှာ နှစ်​ဦးနှစ်​ဘက်​ ​ကျေလည်​​အောင်​ ညှိနှိုင်​းခဲ့ပါတယ်​”  လို့ ရေးသားထားပါတယ်။

သားစိုးက “မိမိအ​နေဖြင်​့ မြန်​မာသံစစ်​စစ်​ တ​ခွေဖန်​တီး​နေဆဲကာလ ဖြစ်​သဖြင်​့ ယခုလို ခွင်​့ပြုချက်​ ​ပေးသဖြင်​့အထူးဝမ်​းသာမိပါသည်​” လို့ ရေးသားထားပြီး ဒေါ်နန်းခင်အေးက သူဌေးဝါဒ သီချင်းအား မြန်မာသံဖြင့် ဆိုပါက ခွင့်ပြုမည်လို့ ပြောခဲ့၍ အလွန်ဝမ်းသာမိပါတယ်လို့ တင်ထားပါတယ်။

သားစိုးက “အဓိကမှာ မိမိ​လေးစားနှစ်​ခြိုက်​ရသည်​့ သဘင်​ပညာရှင်​ကြီးများက ယခုလို အမြင်​လွှဲမှားမှုများဖြစ်​ရသည်​့အတွက်​ များစွာစိတ်​မ​ကောင်​းဖြစ်​ရပါတယ်​။ ကျွန်​​တော်​ဘက်​ကလည်​း ခွင့်ပြုချက်​​တောင်​းခံရာတွင် ​ကိုယ်​တိုင်​မလုပ်​မိဘဲ ကြားခံလူဖြင်​့ ပြုလုပ်​ခိုင်​းရာ အမှားအယွင်​းများ ဖြစ်​​ပေါ်ရပါတယ်​” လို့ ပြောပါတယ်။

သားစိုးရဲ့ ရောသမွှေ တေးစီးရီးမှာ နန်းတော်ရှေ့ဆရာတင်ရဲ့ သူဌေးဝါဒ သီချင်းကို အသုံးပြုထားပြီး ဗားရှင်းပြောင်းဆိုခြင်း၊ စာသားတွေ ဖြတ်တောက်ခြင်းတို့ပါ၀င်ခဲ့တဲ့အပေါ် နန်းတော်ရှေ့ဆရာတင်မိသားစုက ပြောခဲ့တာပါ။ ဒီအတွက် အနူးအညွှတ်တောင်းပန်တယ်လို့ သားစိုးက ပြောပါတယ်။

ဒီနေ့ မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)တွင် နှစ်ဘက်တွေ့ဆုံညှိနှိုင်းခဲ့တာ ဖြစ်ပြီး ပြေလည်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သားစိုးက  ဧပြီ (၁) ရက်နေ့ ညနေ (၆) နာရီ၊ မန္တလေးမြို့၊ ( ရ၈ ) လမ်းမကြီး ပေါ်ရှိ Golden City Event Park ( ခင်စောမူကွေ့ ) ၌ “၂၀၀၀ ခုနှစ်များဆီသို့ ပြန်လည်စီးမျောမည့် Back to Millennium: A Journey to Mandalay Concert ” တွင်လည်း ပါ၀င်သီဆိုမှာဖြစ်ပြီး မျိုးကျော့မြိုင်၊ ACID ၊ သီအိုရီ၊ မြေပဲယို၊ Too Big ၊ KOOK ၊ Teens၊ NO ၊ Examplez ၊ အဲလက်စ်၊ R ဇာနည်၊ System ၊ ငယ်ငယ်တို့ လည်း ပါ၀င်ကာ လက်မှတ်ခ ၁၅၀၀၀ မှ ကျပ် ၉၀၀၀၀ အထိ သတ်မှတ်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly