၈ ကြိမ်မြောက် ထိုင်း-မြန်မာ ပူးတွဲကော်မရှင် အစည်းဝေးကျင်းပ

၈ ကြိမ်မြောက် ထိုင်း-မြန်မာ ပူးတွဲကော်မရှင် အစည်းဝေးကျင်းပ

ဇူလိုင် ၂၉ ရက် ။        ။ ၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနပူးတွဲကော်မရှင် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပပြီးစီးသွားပြီဖြစ်သည်။

အစည်းအဝေးအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တာနာဆတ် ပတ်တီမာပရာဂေါန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ပူးတွဲဦးဆောင်ခဲ့သည်။

အစည်းအဝေး၌ အာဆီယံပြည်သူများအားဗဟိုပြုသည့် အာဆီယံစီးပွားရေးအသိုက်အဝန်း AEC ပေါ်ပေါက်လာရေးကိစ္စများ ဦးစားပေးဆွေးနွေးသည်ဟု သိရသည်။

ထို့ပြင် ထိုင်းအိမ်ရှေ့မင်းသမီး မဟာချာကရီ သီရိဒုံ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ လာလည်မည်ကို လည်း ကြိုဆိုရန် အသင့်ရှိကြောင်း ဦးဝဏ္ဏမောင်လွင်က  ပြောဆိုခဲ့သည်။

Ref; NNT

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly