တရုတ်-မြန်မာ ချစ်ကြည်ရေး Drift ပြိုင်ပွဲကို ဧပြီလ ဒုတိယအပတ်အတွင်း ပြင်ဦးလွင်တွင် ကျင်းပမည်

တရုတ်-မြန်မာ ချစ်ကြည်ရေး Drift ပြိုင်ပွဲကို ဧပြီလ ဒုတိယအပတ်အတွင်း ပြင်ဦးလွင်တွင် ကျင်းပမည်

မန္တလေး၊ မတ် ၂၈ ။             ။ တရုတ်-မြန်မာ ချစ်ကြည်ရေး Drift ပြိုင်ပွဲ (Myanmar Drift Championship MDC 2017)ကို (၂၀၁၇)ခုနှစ် ဧပြီ (၈)ရက် မှ (၉)ရက်ထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် Yadanarpon Cyber City တွင် ကျင်းပမည်ဖြစ်သည်။

ပြည်တွင်း၌ Motor Sport အားကစားနည်းကို တိုင်းပြည်၏ အားကစားတစ်ခုအဖြစ် ဖြစ်ပေါ်လာစေရန်၊ ပြည်တွင်း၌ Drift အားကစားသမားများ နှင့် အသင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ တရုတ်-မြန်မာ ချစ်ကြည်ရေးပြိုင်ပွဲ (Myanmar Drift Championship MDC 2017)ကို ကျင်းပခြင်းလည်းဖြစ်သည်ဟု မန္တလေးပြိုင်ကားအားကစားအဖွဲ့ချုပ် (MSAM) ဥက္ကဌ ကိုသန်းဇော်က ပြောသည်။

''Drift ကစားနည်းကို ပြည်တွင်းက လူငယ်တွေ စွမ်းရည်မြှင့်တင်ပေးဖို့ ပြိုင်ကားလောက ပေါ်ထွက်လာရေး မြှင့်တင်ပေးဖို့ ဒီပြိုင်ပွဲကို ကျင်းပတာပါ။ နိုင်ငံတကာမှ ဆော့နေတဲ့အခြေအနေ   လေ့လာချက်အရ ကျွန်တော်တို့ မြန်မာနိုင်ငံမှ ဆော့နေတဲ့ကလေးတွေရဲ့ စွမ်းရည်တွေလည်း ပြသနိုင်ခွင့်တွေ ရှိပါတယ်။ ကျွန်တော်တို့မှ အဓိက ပံပိုးမှုတွေ အများကြီးလိုအပ်ပါတယ်။ ပြည်တွင်းမှ Drift ပြိုင်ပွဲကျင်းပတာ သုံးပွဲရှိပါပြီး ပြည်တွင်းက ကစားသမားတွေကို နိုင်ငံတကာမှ ယှဉ်ပြိုင်နိုင်ဖို့ ဆွဲတင်ပေးနိုင်ဖို့ သူတို့ကို ပံ့ပိုးပေးနိုင်ဖို့ ဒီပွဲကို ကျင်းပပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Drift အားကစားကို ထင်ထင်ပေါ်ပေါ်ဖြစ်မနေတော့ သူများနိုင်ငံတကာမှ ပေါ်ပေါက်နေတဲ့ စည်းမျဉ်းစည်းကမ်းတွေ သိပ်မသိကြဘူး။ နိုင်ငံတကာအဆင့်မှီ ကစားသမားတွေ ပြိုင်ပွဲတွေကျင်းပနိုင်ဖို့ တရုတ်က ဒိုင်တွေ ကစားသမားတွေကို ဖိတ်ခေါ်ထားပါတယ်။ သူတို့ကို လေ့လာသင်ယူရင် ယှဉ်ပြိုင်ရင် ခေါ်ယူတာပါ။ မခေါ်ခဲ့ရင် ပြည်တွင်းက ကစားသမားတွ စွမ်းရည်ပြသနိုင်ဖို့ မြှင့်တင်နိုင်ဖို့ အခြေအနေ နည်းနေပါတယ်။ နောက်ပိုင်း ပြည်တွင်းက Drift ကစားသမားတွေ နိုင်ငံတကာမှ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ လုပ်သွားမှာပါ'' ဟု မန္တလေးပြိုင်ကားအားကစားအဖွဲ့ချုပ် (MSAM) ဥက္ကဌ ကိုသန်းဇော်က ပြောသည်။

တရုတ် မြန်မာ ချစ်ကြည်ရေးပြိုင်ပွဲ (Myanmar Drift Championship MDC 2017)တွင် ပြိုင်ပွဲဝင်လိုသူများအနေဖြင့် TZ Auto Service Center။ New Star ကားအလှဆင် (ဖုန်း 09777779766)သို့ ဆက်သွယ်နိုင်မည်ဖြစ်ပြီး ဖောင်တစ်ဖောင်လျှင် ကျပ်သုံးသောင်းနှုန်း သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required