Mister တစ်ယောက်ဖြစ်ဖို့ လိုအပ်သည့်အရာ

Mister တစ်ယောက်ဖြစ်ဖို့ လိုအပ်သည့်အရာ

ယခုနောက်ပိုင်းတွင် Miss ပြိုင်ပွဲများနှင့်အတူ Mister ပြိုင်ပွဲများလည်း ခေတ်စားလာသည်။ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာမှာပါ Mister ပြိုင်ပွဲများကျင်းပနေသောကြောင့် တက်သစ်စ mister များကိုလည်းများစွာတွေ့ရသည်။ Mister တစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်မလဲဟု မေးကြည့်သည့်အခါ Mister Tourism World 2016 Winner ဆုရှင် ဥက္ကာမင်းမောင်မှ အခုလိုပြောသည်။

“Mister တစ်ယောက်ဖြစ်ဖို့အရည်အချင်းတွေလိုအပ်တာထက် ကျွန်တော့်ကိုယ်ကျွန်တော် ဘာတွေလိုအပ်သလဲဆိုပြီး အရင်ဆုံးပြင်ဆင်တယ်။ ကျွန်တော်နဂိုကတည်းက သရုပ်ဆောင် လုပ်ခဲ့တဲ့ အခါကျတော့ နယ်တွေမှာလည်းရှိုးတွေဆိုခဲ့တယ်။ ဇာတ်ကားတွေရိုက်ခဲ့တယ်။ လူပေါင်းစုံ ကုမ္ပဏီပေါင်းစုံ လူတန်းစားပေါင်းစုံနဲ့ ဆက်ဆံခဲ့ရတဲ့အခါကျတော့ တကယ်တန်းသွားပြိုင်တဲ့အခါမှာ ကျွန်တော့်အတွက် အခက်အခဲမရှိဘူး။ တစ်ချို့နယ်တွေမှာသီချင်းသွားဆိုရင် ကိုယ်တွေကိုထားဖို့အတွက် ဟိုတယ်တောင်မရှိဘူး။ ကျွန်တော်အေးဆေးပဲ တဲမှာလည်းနေတာပဲ။   မွေ့ရာမရှိလည်း အိပ်တာပဲဆိုတော့ ပေါင်းသင်းဆက်ဆံရေးမှာပြောစရာမရှိဘူး။ အဲဒီဟာကလည်းအထောက်အကူပြုပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ ကိုယ်ကျင့်စာရိတ္တ ဘော်ဒီပိုင်း knowledge ပိုင်း အစစအရာရာ   ပြင်ဆင်ခဲ့တယ်ဆိုတော့ ကျွန်တော့်ကြိုးစားမှု အရာထင်တယ်လို့ပဲခံယူပါတယ်။ ဆုရတာတော့ကံကောင်းလို့ပါ။ ကိုယ်တော်လို့မတော်လို့ဆိုတာထက် အားလုံးရဲ့ပံ့ပိုးပေးမှုရော ပရိသတ်တွေရဲ့အားပေးမှုရော ဒီဇိုင်နာတွေရဲ့အားပေးမှု ပရိတ်သတ်တွေကလည်းဆုတောင်းပေးကြတော့ သူတို့ရဲ့ မေတ္တာကြောင့် ကျွန်တော်ရတာပါ။ ကျွန်တော်တော်လို့ရတာမဟုတ်ပါဘူး။”ဟု ဥက္ကာမင်းမောင်မှပြောသည်။

Mister Asia World 2014 ပြိုင်ပွဲတွင် Second Runner Up ဆုအပါအဝင် ဆု ၅ ဆုရရှိခဲ့သည့် ခါရာကလည်း ခုလိုပြောပြသည်။

“ပထမဆုံးအရေးကြီးတဲ့အရည်အချင်းကတော့ Communication ပေါ့။ တစ်ယောက်နဲ့တစ်ယောက် စတွေ့ပြီဆိုကတည်းက စကားစပြောရတယ်။ လူမှုဆက်ဆံရေးကတော့ အရမ်းအရေးကြီးပါတယ်။ လူမှုဆက်ဆံရေးကို လေ့လာပြီးတော့ သေချာလေးလေ့လာသွားသင့်တယ်လို့ထင်တယ်။ပြီးရင် အခုနောက်ပိုင်း ဘော်ဒီကအရမ်းခေတ်စားလာတယ်ဆိုတော့ ဘော်ဒီကိုသေချာ train ပြီးတော့ သွားသင့်တယ်လို့လည်း ထင်တယ်။”ဟု ခါရာမှပြောသည်။

လက်ရှိအချိန်တွင် Mister Global Myanmar နှင့် Miss & Mister Grand Sea Myanmar  ပြိုင်ပွဲများကို ကျင်းပနေသည့်အချိန်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly