မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းများက ချစ်ကြည်ရေးဂုဏ်ပြုဘောလုံးပွဲ ကစားမည်

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းများက ချစ်ကြည်ရေးဂုဏ်ပြုဘောလုံးပွဲ ကစားမည်

မတ်လ ၂၇ ။              ။ မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမားဟောင်းကြီးများဖြစ်သော ကြည်လွင်၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ အောင်ကျော်ကျော်တို့ပါဝင်သော   မြန်မာ့လက်ရွေးစင်   ဘောလုံးသမားဟောင်းများအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ဘောလုံးသမားဟောင်းအသင်းတို့  လာမည့် ဧပြီလ ၂ ရက်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

(၁၃)ကြိမ်မြောက် ကျင်းပသော မန္တလေးတိုင်း ဘောလုံး သမားဟောင်းများ၏ သက်ကြီးပူဇော်ပွဲကို ဂုဏ်ပြု၍  မြန်မာ့လက်ရွေးစင်ဘောလုံး သမားဟောင်းများ အသင်းဝင်များနှင့် မန္တလေးတိုင်းဒေသကြီး ဘောလုံးသမားဟောင်း အသင်းတို့၏ ချစ်ကြည်ရေးဂုဏ်ပြုဘောလုံးပွဲကို ဧပြီလ ၂ ရက်၊ ညနေ ၃ နာရီတွင် မန္တလေးမြို့၊ ဗထူးအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်းများအသင်းတွင် ကစားသမားများ အဖြစ် မျိုးသန်းဦး၊ ဇော်မျိုး ထိုက်၊ အောင်ကျော်ကျော်၊ ဟန်ထွန်း၊ အေးကြူကြီး၊ စိုးနိုင်၊ စမ်းမောင်၊ ခင်မောင်ဝင်း၊ ဇော်လေးအောင်၊ မြင့်ကို၊ အောင်ကျော်မိုး၊ ထွန်းမြင့်လွင်၊ ဌေးမြင့်၊ တင်ရွှေ၊ ဇော်မင်း၊ မိုးကျော်၊ ကျော်မိုးဟန်၊ စောညီညီထွန်း၊ ထွန်းထွန်းထက်၊ စိုးမြတ် မင်း၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ ကြည်လွင်၊ ဇော်လင်းထွန်း၊ ဌေးလွင်၊ မင်းသူ၊ နေလင်း၊ မြတ်ထွန်း၊ ဟန်ဝင်း အောင်၊ ကျော်သီဟနှင့် ဖောကျဲအိုလွယ် တို့ပါဝင်ကစားကြမည်ဟု သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

မန္တလေးမြို့ရှိ လက်ရွေးစင်ဘောလုံး သမားဟောင်းများတွင် ဂိုး ဌေးဝင်း၊ ဇော်ဝင်းလေး၊ သန်းထွဋ်၊ အောင်မျိုးခိုင်၊ နောက်တန်းတွင် အောင်သိန်း၊ ရန်နိုင်၊ ဝင်းမောင်သန်း၊ ထွန်းပေါက်၊ ရဲလင်း၊ ခင်ဇော်၊ ကျော်သန်း၊ တင်ထွန်းအောင်၊ စိုးနိုင်ဝင်း၊ စိုးကြည်သောင်း၊ အလယ် တန်းတွင် ခင်မောင်လေး၊ စိန်ဝင်းကြီး၊ ပေါက်စီ၊ မျိုးကို၊ အေးချို၊ အောင်ကျော် ဟိန်း၊ သိန်းငွေ၊ ထွန်းနောင်ဦး၊ ပေါ်လတ် ရှေ့တန်းတွင် သိန်းအောင်၊ ထွန်းမြ၊ စိုးစိုး၊ ခင်မောင်လွင်လေး၊ အောင်ကျော်မိုး၊ ခင်မောင်ဝင်း၊ အောင်ဆွေဦး၊ ဇော်ဝင်း ထွန်း၊ ကျော်မိုး၊ တင့်နိုင်အေးတို့ ပါဝင် ကစားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီမှ ကြီးမှူးပြီး  အဆိုပါ ချစ်ကြည်ရေးဂုဏ်ပြု ဘောလုံးပွဲကို စီစဉ်ကျင်းပခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly