EPik High အဖွဲ့ဝင် Tablo အမေရိကန် ဟစ်ဟော့ပ်အဆိုတော် ဂျိုဗော့ ဗာဂျီနီစကော့ပ်နှင့် အတူတေးသီချင်း အယ်လ်ဘမ် ထုတ်ဝေသွားမည်

EPik High အဖွဲ့ဝင် Tablo အမေရိကန် ဟစ်ဟော့ပ်အဆိုတော် ဂျိုဗော့ ဗာဂျီနီစကော့ပ်နှင့် အတူတေးသီချင်း အယ်လ်ဘမ် ထုတ်ဝေသွားမည်

တောင်ကိုရီးယားသုံးယောက်တွဲ အမျိုးသားအဆိုတော်အဖွဲ့ EPik High အဖွဲ့ဝင် Tablo သည် အမေရိကန် ဟစ်ဟော့ပ် အဆိုတော် ဂျိုဗော့ ဗာဂျီနီစကော့ပ်နှင့်အတူ တွဲဖက်ကာ တေးသီချင်း အယ်လ်ဘမ်အသစ် ထုတ်ဝေရန် စီစဉ်လျက်ရှိကြောင်း YG ဖျော်ဖြေရေး အေဂျင်စီက ဇူလိုင် ၂၇ ရက် တွင် ပြောကြားသည်။

အဆိုပါ တေးအယ်လ်ဘမ်သည် ကိုရီးယား တေးသီချင်း ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး ကုမ္ပဏီ Luminant Entertainment ကုမ္ပဏီတို့က စီစဉ်ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဟစ်ဟော့ပ် ပူးပေါင်း ဆောင်ရွက်မှု တေးအယ်လ်ဘမ်ဖြစ်သည်။

အမေရိကန် ဟစ်ဟော့ပ် ဈေးကွက်တွင် ကိုရီးယား ဟစ်ဟော့ပ် တေးသီချင်းကို အရောင်း မြှင့်တင်ရေး ကြိုးပမ်းမှု စီမံကိန်းသစ်ကို Luminant Entertainment ကုမ္ပဏီက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

စကော့ပ်သည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလက  B4.DA.$$ အဖွဲ့နှင့် ပွဲဦးထွက် သီဆိုဖျော်ဖြေ ခဲ့သည်။ Tablo နှင့် စကော့ပ်တို့ နှစ်ဦး ပူးတွဲကာ လုပ်ဆောင်ထားသော တေးသီချင်း အယ်လ်ဘမ်ကို သြဂုတ်လတွင် ထွက်ရှိရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags