စစ်သွေးကြွဟု သံသယရှိသူ ရှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ဖမ်းဆီး

စစ်သွေးကြွဟု သံသယရှိသူ ရှစ်ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ ဖမ်းဆီး

အာဏာပိုင်များက သဘောထားတင်းမာသော အစ္စလာမ္မစ်များကို နှိမ်နင်းမှု အရှိန်မြင့်နေစဉ် ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် တရားမဝင် Jamaat- ul Mujahideen အုပ်စုအကြီးအကဲ အပါအဝင် စစ်သွေးကြွဟု သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးလိုက်သည်။

လူဦးရေ သန်း ၁၆၀ ခန့်ရှိပြီး မွတ်စလင် အများစုနေထိုင်သော ဘင်္ဂလားဒေ့ရှ်က ယခုနှစ်တွင် ဘာသာရေး အစွန်းရောက်မှုကို အွန်လိုင်းမှ ဝေဖန်သူ သုံးဦးကို တိုက်ခိုက်သူများက တောခုတ်ဓားမ ဖြင့် အသေခုတ်သတ်ပြီးနောက် စစ်သွေးကြွများကို ပစ်မှတ်ထားခဲ့သည်။

သတ်ဖြတ်ခံရသူများတွင် အမေရိကန်ဘလော့ဂါ အာဗီဂျစ်ရွိုင်းပါဝင်သည်။ ရဲတပ်ဖွဲ့ဝင်များ သည် မြို့တော်တွင် စစ်သွေးကြွများ ပုန်းအောင်းနေသော နေရာများကို ညတွင်းချင်း စီးနင်းမှုများ အတွင်း ပေါက်ကွဲစေသည့်အရာများ၊ အခြားဗုံးလုပ်သည့် အရာများကို သိမ်းဆည်းမိသည်ဟု ဒါကာရဲတပ်ဖွဲ့ စုံထောက်ဌာန ပူးတွဲမဟာမင်းကြီး မိုနီရူလ်အစ္စလာမ်က ဇူလိုင် ၂၈ တွင် ပြောကြား သည်။

“ စီးနင်းစဉ်အတွင်းမှာ Jamaat-ul-Mujahideen အကြီးအကဲ အပါအဝင် စစ်သွေးကြွ ခြောက်ဦးကို ဖမ်းဆီးမိသည်ဟု ၎င်းက ပြောသည်။ သူတို့ဟာ အရေးကြီးပုဂ္ဂိုလ်တွေကို သတ်ဖို့ ကြံစည်နေပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို ထောင်က လွတ်ဖို့ ကြံစည်နေပါတယ်" ဟု အစ္စလာမ်က ပြောကြားသည်။

လွန်ခဲ့သည့် အောက်တိုဘာလက ယင်းအဖွဲ့ဝင်နှစ်ဦး ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အနောက်ဘင်္ဂလားပြည်နယ်တွင် ဗုံးပြုလုပ်စဉ် ပေါက်ကွဲမှုတစ်ခုတွင် သေဆုံးပြီး နောက် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာကို လုပ်ကြံသည့် အစီအစဉ်တစ်ခုကို အိန္ဒိယ လုံခြုံရေးအရာရှိများက ဖော်ထုတ်နိုင်ခဲ့သည်။

ပိတ်ပင်ခံရသော Jamaat-ul-Mujahideen အဖွဲ့သည် ၂၀၀၅ ခုနှစ်က တစ်နေ့တည်းအတွင်း တစ်ပြိုင်နက်တည်းလိုလို နိုင်ငံတစ်ဝန်း ဗုံး ၅၀၀ နီးပါး ဖောက်ခွဲပြီးနောက် အာဏာပိုင်များ၏ အရေးယူ မှုနှင့် ရင်ဆိုင်ရပြီးနောက် ပုန်းအောင်းနေသည်ဟု ယူဆခဲ့ကြသည်။ ယင်းစစ်သွေးကြွများသည် တရားရုံးအချို့တွင် တိုက်ခိုက်ခဲ့ကြရာ လူ ၂၅ ဦးသေဆုံးကာ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယခုလတွင် အိန္ဒိယတိုက်ငယ်ရှိ အယ်လ်ခိုင်ဒါ အကြီးအကဲ အပါအဝင် သံသယရှိ စစ်သွေးကြွ ၁၂ ဦးကို ဖမ်းဆီးခဲ့သည်။ အယ်လ်ခိုင်ဒါတို့က ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ တိုက်ခိုက်မှုများမှာ ၎င်းတို့ လက်ချက်ဟု ပြောကြားသည်။

အိုင်အက်စ်က တောင်အာရှထိ ၎င်း၏ သြဇာဖြန့်ကျက်လိမ့်မည်ဟု စိုးရိမ်စိတ်များ ကြီးထွား နေစဉ် မေလက ဒါကာရှိ ကိုကာကိုလာ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုမှ အိုင်တီမန်နေဂျာတစ်ဦး အပါအဝင် အိုင်အက်စ်အဖွဲ့ဝင်ဟု မသင်္ကာသူ သုံးဦးကို ဖမ်းဆီးခဲ့သည်။

အိုင်အက်စ်နှင့် ဆက်သွယ်မှုရှိမရှိ စစ်ဆေးလျက်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required