ရေကြီးမှုများကြောင့် ဟင်္သာတနှင့် ငါးသိုင်းချောင်းရှိ တာများကိုစောင့်ကြည့်နေ

ရေကြီးမှုများကြောင့် ဟင်္သာတနှင့် ငါးသိုင်းချောင်းရှိ တာများကိုစောင့်ကြည့်နေ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ရေများ အလုံးအရင်းနှင့် ဝင်ရောက်နိုင်သည့် ဟင်္သာတမြို့နယ် ထိန်ငူတာနှင့် ငါးသိုင်းချောင်း တာများကို စောင့်ကြည့် နေကြောင်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက မဇ္ဈိမကို ပြောသည်။

လူမှုရေး ဝန်ကြီးက “ရေတွေ အလုံးအရင်းနဲ့ဝင်ဆောင့်လာရင် တာတွေ ကျိုးပေါက်နိုင်တာ တွေ၊ ဖြစ်နိုင်ခြေ ရှိနေတဲ့ နေရာတွေကိုတော့ စောင့်ကြည့်မှုတွေလည်း လုပ်ထားတယ်” ဟု ဆိုသည်။

တိုင်းဒေသကြီးအတွင်းတွင် ရေကြီးမှုကို ကာကွယ်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ရပ်ကျေးအဆင့်အထိ ကယ်ဆယ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး အရေးပေါ် အခြေအနေ ဖြစ်လာပါက ချိတ်ဆက်နိုင်ရန် ဆောင်ရွက်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြည်သူလူထုကို အသိပညာပေးမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့ကျင့်မှုများ ပြုလုပ်ထားသောကြောင့် ပုံမှန် ရေကြီးမှုဖြစ်ပေါ်ပါက ပြဿနာ မရှိနိုင်ဟုလည်း လူမှုရေး ဝန်ကြီးက ဆိုလိုက်သည်။ “အပေါ်က ရေတွေ ဆင်းရတာမျိုး ဖြစ်မှာကိုတော့ စိုးရိမ်တယ်” ဟု ၎င်းက ပြောသည်။

မီးသတ်ဦးစီးဌာနကလည်း မြို့နယ်တိုင်းတွင် ကယ်ဆယ်ရေးဝန်ထမ်း ၃၅ ဦးရှိပြီး ကယ်ဆယ် ရေး လုပ်ဆောင်နိုင်ရင်ပြင်ဆင်ထားက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို အဓိကထား လုပ်ဆောင်မည် ဟုလည်း ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ကျော် က ပြောသည်။

ရေကြည်မြို့နယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေး ကလည်း ငါးသိုင်းချောင်းမြို့ အခြေအနေနှင့် ပတ်သက်ပြီး “ကမ်းစပ်မှာ ဆောက်လုပ်ထားတဲ့ အိမ်တွေ တော့ ပြိုနိုင်တယ်။ ချောင်းတွေ မြောင်းတွေပိတ်နေတော့ မြို့အတွင်းတော့ ရေကြီးတာလောက်ပဲ ရှိ သေးတယ်”ဟု ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း ဧရာဝတီ မြစ်ရေသည် ဟင်္သာတမြို့ နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်ပြီး ငဝန်မြစ် ရေသည် ငါးသိုင်းချောင်းမြို့တွင် တစ်ကြိမ်ခန့် စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန် ရောက်ရှိနိုင်သည်ဟု ဇူလိုင် ၂၈ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required