အောင်မြင်မှုတွေ မရခင် စိတ်ပင်ပန်းမှုတွေနဲ့အတူ ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ ချမ်းချမ်း

အောင်မြင်မှုတွေ မရခင် စိတ်ပင်ပန်းမှုတွေနဲ့အတူ ဖြတ်သန်းခဲ့ရတယ်ဆိုတဲ့ ချမ်းချမ်း

ဒီတပတ် YOPE ရဲ့ Red Chair အစီအစဉ်မှာ တွေ့ရမယ့်သူကတော့ အဆိုတော် ချမ်းချမ်းဖြစ်ပါတယ်။ ချမ်းချမ်းကို အတွက် YOPE ရဲ့ မေးခွန်း ၅ခုက ဘာတွေဖြစ်မလဲ …

YOPE - YOPE အစီအစဉ်မှာတွေ့ရတဲ့အတွက်ဝမ်းသာပါတယ်။

ချမ်းချမ်း - ဟုတ်ကဲ့အစ်မလည်းဝမ်းသာပါတယ်။

YOPE - နံပါတ် ၁ မေးခွန်းအနေနဲ့ ပရိသတ်အတွက်  အစ်မကတစ်ကိုယ်တော် ခွေမထွက်တာကြာပြီပေါ့နော်။ ဘာကြောင့် ကြာနေရတာလဲအစ်မ။

ချမ်းချမ်း -ဘာဖြစ်လို့လဲဆိုတော့ အစ်မကလေ ပြီးပြီးရောမလုပ်ချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခွေတစ်ခွေထွက်တယ်ဆိုတာ ကိုယ့်အတွက် မှတ်တိုင်တစ်ခုပေါ့နော်။ ကိုယ်ကပရိသတ်ကို စေတနာတော့ထားတယ်။ ဒါပေမယ့် အမြန်ထွက်ရရေးဆိုရင် သူတို့သီချင်းကောင်းကောင်း နားမထောင်ရဘူး။ အဲ့ဒီအတွက်ကြောင့် အစ်မကဂျီးများတယ်။ အမှန်တိုင်းပြောရရင် အသက်အရွယ်လည်းရလာတာနဲ့အမျှ မျိုးဆက်သစ်တွေလည်းရှိလာတဲ့အတွက်ကြောင့် ကိုယ်တစ်ကယ်ကြိုက်မှ ကိုယ်တစ်ကယ်ဖန်တီးနိုင်မှပဲ ချပြချင်တယ်။ အဲ့ဒီအတွက်ကြောင့် အခွေအမြန်ထွက်ရရေးကတော့ တို့အရေးတော့ မဟုတ်ဘူး။ အစ်မအတွက်ကတော့လေ။ ပြီးတော့ အစ်မမိသားစုရှိလာတဲ့အတွက်ကြောင့် အပျိုတုန်းကလောက်တော့ သွက်သွက်လက်လက်နဲ့ ဒီအနုပညာတစ်ခုတည်းကိုပဲ အာရုံစိုက်လို့ မရဘူးပေါ့။ ဘက်စုံကိုမျှအောင် အစ်မလုပ်ရတဲ့အတွက်ကြောင့် ကောင်းလည်းကောင်းချင်တဲ့အတွက်ကြောင့် လောဘလည်းကြီးတဲ့အတွက်ကြောင့် ခုတော့ နည်းနည်းကြံ့ကြာနေတာပေါ့။

YOPE - နံပါတ် ၂ မေးခွန်းက ဘာသာမတူတဲ့ လူနှစ်ယောက်က မွေးလာတဲ့ ကလေးလေးကိုပေါ့နော်။ အနာဂတ်ယုံကြည်ကိုးကွယ်မှုအတွက် အစ်မတို့ ဘယ်လိုစီစဉ်ထားလဲအစ်မ။

ချမ်းချမ်း - အစ်မကတော့ ယုံကြည်တာတော့ ဘုရားဆိုတာ တကယ်တော့ အမှန်တရားကို ပြတဲ့အရာပါ။ အမှန်တရားကို သိတယ်ဆိုုရင် ဒါဘုရားရှိခိုးတာနဲ့ တူတူပဲ။ အဓိကတော့ လူတွေက အားကိုးမှုအနေနဲ့ ဘုရားကို ရှစ်ခိုးကြတယ်ပေါ့နော်။ ဘုရားဆိုတာ အမှန်ပြောရရင် ဝေါဟာရတစ်ခုပါပဲ။ တစ်ကယ်တမ်းက အမှန်တရားကို လုပ်ခိုင်းတာပဲ။ သူတစ်ကယ်ကောင်းတာတွေ လုပ်နေတယ်ဆိုရင်တော့ အစ်မက သူ့ကိုဗုဒ္ဒဘာသာဝင်ပါ ခရစ်ယာန် ဘာသာဝင်ပါ မတိုက်တွန်းဘူး။ သူ့ဘာသာသူလေ့လာသွားလိမ့်မယ်။ ဘဝမှာဘယ်အရာက ပိုအရေးကြီးလဲဆိုတာ လုပ်ရင်းလုပ်ရင်းနဲ့ သူ့ဘာသာသူ ရှာဖွေတွေ့ရှိတဲ့အရာကို ကိုးကွယ်စေချင်တယ်။

YOPE - ဟုတ်ကဲ့ပါ အစ်မ။ နံပါတ် ၃ မေးခွန်းပေါ့နော်။ အစ်မဘဝအတွက် အရေးပါဆုံးအရာဖြစ်မယ့် အင်္ဂလိပ်စာစကားစုလေးတစ်ခုက ဘာဖြစ်မလဲအစ်မ။

ချမ်းချမ်း - အဲ့ဒီလိုတော့ မရှိဘူး။ အစ်မကဘယ်လိုပြောမလဲ ကိုယ့်အတွက်ကောင်းတာဆိုရင် အင်္ဂလိပ်လိုပဲဖြစ်ဖြစ် မြန်မာလိုပဲဖြစ်ဖြစ် ယူတယ်။ ဗမာလိုဆိုရင်တော့ ရိုးရိုးကျင့် မြင့်မြင့်ကြံပဲ။ အရိုးဆုံးပဲအစ်မကတော့။ အစ်မဘဝမှာလည်း အရိုးဆုံးသားဆုံးနေတယ်။ ပြီးရင် သူများအတွက် ဘယ်လိုအကောင်းဆုံးပေးနိုင်မလဲဆိုတာမျိုးကို စဉ်းစားတဲ့အတွက်ကြောင့် အဲ့ဒီစာသားလေးဟာ အစ်မဘဝထဲမှာ အမြဲတမ်း ရှိနေတာပေါ့နော်။ ပြီးတော့ အဓိကတော့ ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုက သူများကို မထိခိုက်ဖို့ အရေးကြီးတယ်ပေါ့။ အဲ့ဒါလေးပဲ။

YOPE - နံပါတ် ၄ မေးခွန်းပါ အစ်မ။ အစ်မကသီချင်းဆိုပြိုင်ပွဲကနေ အောင်မြင်လာတယ်ပေါ့နော်။ အစ်မအနေနဲ့ အဲ့ဒီပြိုင်ပွဲကနေပြီးတော့ အောင်မြင်လာတဲ့ အချိန်အထိ အစ်မဘယ်လို ဖြတ်သန်းခဲဲ့လဲ။

ချမ်းချမ်း - ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတော့ စိတ်ပင်ပန်းမှုတွေတော့ အများကြီးပေါ့နော်။ အားလုံးကကြည့်လိုက်ရင် အပေါ်ယံကြည့်မယ်ဆိုရင်တော့ ပျော်စရာကောင်းတယ်ပေါ့။ ကိုယ်လုပ်ချင်တဲ့ အရာကို လုပ်ရတယ်။ အရမ်းကိုပျော်ရွှင်စရာကောင်းတယ်ပေါ့။  ပိုက်ဆံလည်းလွယ်လွယ်ကူကူရတယ်ပေါ့။ တချို့ပရိသတ်တွေကထင်ကြတယ်။ အစ်မတို့ဆို အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် သူများလို နည်းပါးပဲ ပင်ပန်းတာပါပဲ။ ပြီးတော့ အစ်မတို့ကအသံနဲ့ အလုပ်လုပ်ရတာ ဖြစ်တဲ့အတွက်ကြောင့် သူများထက်ပိုပြီး အသက်မွေးဝမ်းကြောင်းမှာ ပိုပင်ပန်းတယ်။ ပိုခက်ခဲတယ်။ ပရိတ်သတ်ကိုအမြဲတမ်း LIVE ဖျော်ဖြေနေရတဲ့အခါကျတော့ သူတို့တွေက ဒီကြည့်နေတဲ့အချိန်မှာ တစ်ခါတည်းဆုံးဖြတ်တာ ဖြစ်တဲ့အတွက်ကြောင့် အစ်မတို့အတွက်ကသူတို့ရဲ့ ဆုံးဖြတ်ချက်က တစ်အားအရေးကြီးတယ်။ အဲ့ဒီအတွက်ကြောင့် ကိုယ့်ကိုကိုယ် မနည်းကျန်းမာအောင် အမြဲနေနေရတယ်။ အဲ့ဒီဟာကသူများတွေအစားဝင်ခံလို့ မရဘူး။ ဒါ အစ်မတို့နေရာရောက်မှ အစ်မတို့ကိုနားလည်မှာပေါ့နော်။ အဲ့ဒီအတွက်ကြောင့် အစ်မတို့အလုပ်ကလည်း သူများတွေလိုမလွယ်ကူဘူး။ ခက်ခက်ခဲခဲနဲ့ အောင်မြင်မှုရဖို့ဆိုတာ တကယ်ကိုပိုပြီတော့ ခက်ခဲတဲ့အရာပါ။

YOPE - ဟုတ်ကဲ့ပါ အစ်မ။ YOPE ရဲ့ နောက်ဆုံးမေးခွန်းက အစ်မသာ ကိုဘုဏ်းသိုဏ် ဖြစ်ခဲ့မယ်ဆိုရင် မချမ်းချမ်းရဲ့ မကြိုက်တဲ့အရာတွေက ဘာဖြစ်မလဲ။

ချမ်းချမ်း - အစ်မရဲ့ မကြိုက်တဲ့အရာကတော့ အစ်မအဲ့ဒီလို စိတ်တအားမြန်တယ်ပေါ့။ အခု စဉ်းစားရင် အခုချက်ချင်းရမှ ကြိုက်တယ်။ အရမ်းဒေါသကြီးတာ ပိုများတယ်။ ပြီးတော့ အစ်မစိတ်တအားမြန်တယ်။ လုပ်ချင်ရင် ချက်ချင်းပေါ့။ အဲ့တာကို ကိုယ့်ကိုကိုယ်လည်း မကြိုက်ပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly